ylliX - Online Advertising Network

ဒီတပတ် အာရှစီးပွားရေး

ဩစတြေးလျနိုင်ငံထွက် ကျောက်ပုဇွန်ကြီးတွေ တရုတ်ဆီ ပြန်လည်တင်သွင်းနိုင်ဖို့ စတင်စိစစ်လုပ်ဆောင်တဲ့အကြောင်းနဲ့ ဂျပန်ရဲ့စီးပွားရေး ရှင်သန်နိုင်ဖို့ဆိုရင် ရွှေ့ပြောင်းအ ခြေချနေထိုင်လိုတဲ့ နိုင်ငံခြားသားတွေကို ပိုလက်ခံဖို့လိုမယ်ဆိုတဲ့ ဝေဖန်အကြံပြုမှုတွေ ရှိလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။ Source link

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း – Myanmar Transparency News Source link

ရခိုင်မှာ ကွမ်းသီးများ ဈေးကောင်းရနေ – Western News

ရခိုင်မှာ ယခုနှစ်အတွင်း ကွမ်းသီးများစျေးကောင်းရရှိနေကြောင်း ကွမ်းသီးစိုက်ပျိုးသူများထံမှ သိရသည်။ ယခုနှစ် ကွမ်းသီးတစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၂၅၀၀၀၀ ခန့် စျေးရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ၅ ဆခန့်စျေးပိုရနေခြင်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။ “ဒီနှစ် တစ်မောင်းကို ကျပ် ၂၅၀၀၀၀ လောက်ရနေပါတယ်။ အရင်နှစ်ကတော့ ၅ သောင်းလောက်ပဲရခဲ့တယ်။ စျေးကောင်းနေတော့ အဆင်ပြေတာပေါ့လေ” ဟု ပြောသည်။ ပြီးခဲ့သည့်နှစ်များက ကွမ်းသီးစျေးနှုန်းမှာလည်း တစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၅ သောင်းမှ ၁ သိန်းခန့်အထိသာ အများဆုံးရရှိကြကာ ယခုနှစ်အတွင်းတွင်မူ စျေးအများဆုံးရရှိနေခြင်းဖြစ်သည်။ ကွမ်းသီးစျေးကောင်းရနေခြင်းမှာ ကွမ်းသီးအထွက်နှုန်းကျဆင်းမှုကြောင့်လည်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူများကဆိုကြသည်။ “မိုခါမုန်တိုင်း နောက်ပိုင်း အထွက်နှုန်းတွေက အရင်လိုမကောင်းတော့ဘူး။ ပြီးတော့ အပင်တွေလည်း တော်တော်ဆုံးရှုံးခဲ့ရတယ်လေ။ အခုလိုစျေးရနေတာက ကွမ်းသီးအထွက်နှုန်း […]

ဒီတပတ် အာရှစီးပွားရေး

အမေရိကန်မှာ ဒေါ်နယ်ထရမ့်တက်တဲ့အခါ အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် တရုတ်ပို့ကုန်တွေ မထိခိုက်ရအောင် ကျားကန်ပေးဖို့ တရုတ်အစိုးရပေါ် ဖိအားပေးနေတဲ့အကြောင်းနဲ့ ဗီယက်နမ်မှာ လေထုညစ်ညမ်းမှု ဆိုးလာတာကြောင့် လျှပ်စစ်ဆိုင်ကယ်တွေ ပိုသုံးစွဲဖို့ ပြင်ဆင်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။ Source link

ပြည်တွင်း၌ Suzuki မှ SKD ကားအသစ်များ ထုတ်လုပ်မည့် အစီအစဉ်ရှိသော်လည်း ကားဈေးကွက်တစ်ခုလုံး ထိခိုက်မှုမရှိနိုင်ဘဲ တရားဝင်ထုတ်ပြန်မည့် ဈေးနှုန်း‌အပေါ်မူတည်ပြီး ကားအသစ်နှင့် ကားအဟောင်းဈေးကွက် ထိခိုက်မှုကွာခြားနိုင်မည်ဟု ဆို

ပြည်တွင်း၌ Suzuki မှ SKD ကားအသစ်များ ထုတ်လုပ်မည့် အစီအစဉ်ရှိသော်လည်း ကားဈေးကွက်တစ်ခုလုံး ထိခိုက်မှုမရှိနိုင်ဘဲ တရားဝင်ထုတ်ပြန်မည့် ဈေးနှုန်း‌အပေါ်မူတည်ပြီး ကားအသစ်နှင့် ကားအဟောင်းဈေးကွက် ထိခိုက်မှုကွာခြားနိုင်မည်ဟု ဆို – Myanmar Transparency News Source link

ရွှေရည်ညွှန်းဈေးအတိုင်း မရောင်းချသူများနှင့် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မလျှောက်ထားသူများကို အရေးယူမည်ဟု နိုင်ငံတော်အဆင့် တရားဝင်အသိပေး

ယနေ့တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၈၀,၀၀၀ အထိဖြစ်ပေါ်နေပြီး ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၈ သိန်း ပိုများနေ ၁၂. ၁၂. ၂၀၂၄Written by Nyein Kyaw ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ပေးထားသည့် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မလျှောက်ထားသူများကို အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အဆင့်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာတွင် တရားဝင်အသိပေး ကြေညာထားသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/ ၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု […]

ရွှေဆိုင်များလိုင်စင်ပြန်လျှောက်၊ ဘဏ်အာမခံငွေသွင်းရန် စစ်ကောင်စီသတ်မှတ် – Myanmar Now

ရွှေအရောင်းအဝယ်လုပ်ငန်းလိုင်စင်ပြန်လည်လျှောက်ထားရာတွင် ရွှေဆိုင်တွင် ရောင်းချမည့် ရွှေတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကြေးပမာဏကို ဘဏ်တွင် အာမခံကြေးအဖြစ် ထည့်သွင်းထားရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ အခြေစိုက် ရွှေဆိုင်လုပ်ငန်း ရှင်တချို့ထံက သိရသည်။  အောက်တိုဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ဓာတ်သတ္တုရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ရွှေဆိုင်လုပ်ငန်းများကို သုံးလအတွင်း အဖိုးတန်ဓာတ်သတ္တုလုပ်ငန်းလိုင်စင်သစ်  လျှောက်ထားကြရန် ညွှန်ကြားခဲ့သည်။  ထိုညွှန်ကြားချက်တွင်  ရွှေတန်ဖိုး ၂၅ ရာခိုင်နှုန်း  ဘဏ်တွင် အပ်နှံထားရမည်ဆိုသော စည်းကမ်းချက် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ လသာမြို့နယ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်အမျိုးသားတစ်ဦးက Myanmar Now သို့ ပြောသည်။  “လိုင်စင်လျှောက်ခိုင်းထားတဲ့ အချိန်ကလည်း နည်းနည်းလိုနေသေးတော့ အားလုံးကတော့ စောင့်ကြည့် နေကြတယ်” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။  မည့်သည့်ဘဏ်များတွင် အာမခံကြေးပေးသွင်းရမည်ကို […]

စစ်ဘေးကြား မြေမြှုပ်မိုင်းဒဏ်ခံကြရသူများ

ကယားပြည်နယ်က လယ်သမား ဦးလှဟန်တယောက် စပါးသွားယူရင်း မြေမြှုပ်မိုင်းနင်းမိလို့ အလုပ်မလုပ်နိုင်ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းသုံးစွဲမှု တိုးလာပြီး ပြည်သူ့အသက်နှင့် အလုပ်အကိုင်တွေ ထိခိုက်နေတဲ့အကြောင်း ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။ Source link

ပါကစ္စတန်နိုင်ငံနှင့် ဈေးနှုန်းယှဉ်မရောင်းနိုင်သဖြင့် မြန်မာ့ဆန်/ဆန်ကွဲကို ယခင်က အများဆုံးဝယ်ယူခဲ့သည့် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့မှု လျော့ကျခဲ့

ပါကစ္စတန်နိုင်ငံနှင့် ဈေးနှုန်းယှဉ်မရောင်းနိုင်သဖြင့် မြန်မာ့ဆန်/ဆန်ကွဲကို ယခင်က အများဆုံးဝယ်ယူခဲ့သည့် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့မှု လျော့ကျခဲ့ – Myanmar Transparency News Source link

တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့် – Myanmar Now

ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးစိုက်ပျိုးထားသော ကြံနှင့်ပြောင်း သယ်ယူနိုင်ရန် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်ရှိ ဂိတ်တစ်ခုကို  တရုတ်အစိုးရက နိုဝင်ဘာ ၂၁ တွင်  ပြန်ဖွင့်ပေးလိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက MNDAA ထိန်းချုပ်လိုက်သည့် ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်းဆိုင်)နှင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်း စသည့် မြို့များရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို  ၂၀၂၄ ဇူလိုင် ၉ တွင် တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပင်ထားခြင်း ဖြစ်သည်။ ယင်းနောက် ကြံနှင့်ပြောင်းသီးနှံ ရိတ်သိမ်းရာသီ ရောက်လာချိန်တွင်  ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်၊ ကုန်ပစ္စည်း သယ်ယူမှုကိုလည်း ကန့်သတ်ထားသည်ဟု အမည်မဖော်လိုသည့် တရုတ်နယ်စပ်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တရုတ်ကဖွင့်တာက ကြံနဲ့ပြောင်းလိုချင်လို့ပါ။ သူတို့ဘက်က ဘာမှသယ်လို့မရဘူး။ […]