ylliX - Online Advertising Network

တရုတ် ၏ ဗျူဟာမြောက် စွက်ဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် မတည်ငြိမ်မှုများ ရင်ဆိုင်နေရ – BUR.MIZZIMA.COM

ဘင်္ဂလားဒေ့ရှ် တွင် ယမန်နှစ် သြဂုတ်လကတည်းက နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဝါမီလိဂ် ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တို့ နိုင်ငံမှ ထွက်ပြေး၍ အိမ်နီးချင်း နိုင်ငံတခုတွင် ခိုလှုံခွင့်တောင်းခံခဲ့သည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ် က တိုင်းပြည်၏ ဦးဆောင်မှုကို လွှဲပြောင်းရယူခဲ့သော်လည်း အခြေအနေမှာ ၎င်း ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ အပါအဝင် လူနည်းစုအသိုင်းအဝိုင်းများသည် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ မငြိမ်မသက်မှုများကြားမှ တရုတ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အသိုင်းအဝန်း တွင် မတည်မငြိမ်ဖြစ်စေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ အစပိုင်းတွင် တရုတ်သည် အဝါမီလိဂ် ပါတီ နှင့် နီးကပ်သောဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကို […]