နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က LMC ပလက်ဖောင်းကို ထူထောင်ပြီး မြန်မာနိုင်ငံအား ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေး သုတေသနနှင့် တိုးချဲ့ရေးတို့ကို အာရုံစိုက်ရန် အရေးကြီးကြောင်း၊ဒေသတွင်း ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူလယ်သမားများကြား ကွာဟချက်ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ဒုတိယ ဝန်ကြီးကဆိုသည်။ ညီလာခံသည် […]
(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး (Thirteenth ASEAN Senior Officials Meeting on Youth (SOMY XIII) and Related Meetings)များအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် MGallery ဟိုတယ်၌လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ […]