ylliX - Online Advertising Network

ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ – Myanmar Now

ကချင်ပြည်နယ်တောင်ပိုင်း တရုတ်နယ်စပ်အနီးရှိ ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက စစ်ကောင်စီ အခြေစိုက်စခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်အထိ တိုက်ပွဲများပြင်းထန်နေသည်။ မြို့တွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) နှင့် တပ်ရင်းဌာနချုပ်စခန်းများကို KIA နှင့်ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်ခုခံနေသည်ဟု သိရသည်။ ဗန်းမော်မြို့တွင်းရှိ အထပ်မြင့် အဆောက်အဦးအချို့တွင် စစ်ကောင်စီ စနိုက်ပါသမားများ နေရာယူထားသလို အချို့နေရာများတွင် ဆက်လက်တပ်စွဲထားသည်။ ဒဏ်ရာရသည့် စစ်ကောင်စီတပ်အချို့မှာ စကခ(၂၁)တပ်တွင်းသို့ ဆုတ်ခွာနေသည်ဟု ဗန်းမော်မြို့ သတင်းများကို စုစည်းဖော်ပြနေသည် Banmaw Scout Team အဖွဲ့ဝင် တစ်ဦးက ပြောသည်။ မြို့တောင်ဘက်ရှိ ခြေလျင်တပ်ရင်း ခလရ(၄၇)၊ ဗန်းမော်တက္ကသိုလ်နှင့် စကခ(၂၁)တို့တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု […]

ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ – Myanmar Now

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၄  မှ စတင်ခဲ့သည့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်။ ထိုနေ့ နံနက် ၅ နာရီမှ စတင်ကာ တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို  ထိုးစစ်ဆင်ပြီး ဗန်းမော်မြို့နှင့် တစ်မိုင်ခန့် အကွာတွင်ရှိသည့် ခလရ(၄၇)တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ပူးပေါင်းတပ်များထဲတွင် အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ၏ ဂေါ်ရခါးတပ်ရင်းနှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့လည်း ပါဝင်သည်။ ဒီဇင်ဘာ ၆ ရက်နေ့တွင် မဟာမိတ်တပ်များ ဗန်းမော်မြို့တွင်းကို  ဝင်ရောက်နိုင်ခဲ့ပြီး မြို့တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ၊ မြို့နှင့် တစ်ဆက်တည်းရှိနေသည့် စကခ(၂၁)နှင့် တပ်ရင်းဌာနချုပ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု KIA နှင့် […]

နောင်ချိုမြို့တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)နေ့အထိ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ယနေ့ထိ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ ျယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် ဆမ္မဆယ်ရွာတွင် လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင်း နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က ညနေ ၅ နာရီဝန်းကျင်ပဲ ဆမ္မဆယ်ရွာမှာ လက်နက်ကြီးကျပြီး မီးလောင်သွားတယ်။ အဆောက်အအုံတွေအများကြီးပဲ။ အဲနေရာ မီးလောင်တော့ […]

နောင်ချို စစ်ကောင်စီတပ်မှ လက်နက်ကြီး နေ့စဉ်ပစ်ခတ်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ယနေ့ ( အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း အသက် (၄၀) နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အောက်တိုဘာ ၂၆-၂၇ တစ်ညလုံး တစ်နေကုန် မနားပဲပစ်တာ၊ လက်နက်ကြီးကော သေနတ်သံကော ကြားရတယ်။ တိုက်ပွဲက […]