စပိန်နိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ ဗလင်စီယာဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပြီး လူ ၂၁၈ ဦးထက်မနည်း သေးဆုံးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ပြီးခဲ့သည့်တစ်ပတ်က စပိန်ဘုရင့်ဖလား၊ လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုတစ်ပတ်ကစားမည့် လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ် တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ် သည်။ လာလီဂါပွဲစဉ် (၁၀) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၉ ရက် ည ၁၂ နာရီတွင် ကစားမည့် အက်စ်ပန်ညို-ဗလင်စီယာပွဲ၊ ဆီဂန်ဒါ ပွဲစဉ် (၁၄) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၀ ရက် ည […]