စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။ “တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊ သီးနှံမျိုးစေ့ ပေးအပ်တာတွေကို စစ်ကိုင်း တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကကူညီဆောင်ရွက်လျက်ရှိပါတယ်”ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ စိုက်ပျိုးထားသော နေကြာများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဘုတလင်မြို့နယ်တွင် နေကြာများကို အောက်တိုဘာ (၁) ရက်မှ စတင်စိုက်ပျိုုးခဲ့ရာ ယနေ့ အချိန်အထိ […]