ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင် ဆက်လက် ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့တော်၊ ပန်းမြို့ တော်ဟု ဂုဏ်သတင်းကျော်ကြားသည့် အပန်းဖြေမြို့တော်တစ်ခုဖြစ်ကာ အေးချမ်းသာယာသည့် မြို့တစ်မြို့ဖြစ်၍ ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် မူဝါဒချမှတ်ထားသည်ဟု ပြော သည်။ ” ပြင်ဦးလွင်မြို့ကို ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင် ဆက်လက်ဆောင်ရွက် သွားရပါမယ်။ မြို့ သာယာလှပတိုးတက်ရေးအတွက် […]
မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်း၏ အနှစ်သာရများနှင့် ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်များ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတော့မည့်အချိန်တွင် ကမ္ဘာသို့ကြေညာရန် စာတမ်းတစ်စောင် လိုအပ်လာသည်။ ထိုစာတမ်းကို စာပေပညာရှင်များဖြစ်ကြသည့် စာရေးဆရာ ဆရာကြီးဇော်ဂျီ (ဦးသိန်းဟန်)၊ ဆရာကြီးမင်းသုဝဏ်(ဦးဝန်)၊ ဆရာကြီးတက်တိုး(ဦးအုန်းဖေ)၊ ဆရာကြီးဇေယျ(ဦးယော)၊ ဆရာကြီးတင့်တယ်(ဦးဝင်းစိန်)တို့က ပြုစုကြရသည်။ ပြုစုပြီးမြန်မာမူစာတမ်းကို ပညာရှင်များဖြစ်ကြ သည့်ဦးသန့်(နောင်-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)၊ စာရေးဆရာ ဦးခင်မောင်(တောသား)၊ ဦးခင်ဇော်(ကေ)နှင့် ဒေါက်တာမောင်မောင်(နောင်-သမ္မတ)တို့အား အင်္ဂလိပ်ဘာသာပြန်ဆိုရန် တာဝန်ပေးခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတည်သရွေ့ ခိုင်မာစွာတည်ရှိနေမည့် မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းတွင် အပိုဒ်ခြောက်ပိုဒ်ပါဝင်၍ လွတ်လပ်ရေး တိုက်ပွဲဝင်ခေါင်းဆောင်ကြီးများ၏ ထိုစဉ်က မျှော်မှန်းခဲ့သည့် လွတ်လပ်ရေး အနှစ်သာရကို နားလည်ခံစားနိုင်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ […]