ဆောင်းရာသီမှာ အဖျားအနာကင်းစေဖို့ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ်ခံအား ကောင်းစေဖို့ပါ။ အအေးပိုတာကြောင့် ဖျားနာလွယ်တဲ့ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာတွေ ရှိပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လို အစားအသောက်တွေကို စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးပေးသင့်တာတွေကတော့ – ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အယ်လ်မွန်စေ့ အယ်လ်မွန်စေ့မှာ ဗီတာမင် E နဲ့ ကောင်းကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ရော ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက် ဟင်းနုနွယ်ရွက်မှာ […]
ဆောင်းရာသီက အရိုးတွေ ထိခိုက်လွယ်တဲ့ ကာလလေး တစ်ခုပါ။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းတာက အရိုးတွေကို ကျိုးလွယ်အက်လွယ်စေတာအပြင် နာကျင်ကိုက်ခဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့အတွက် အရိုးတွေ ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ရာ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ဆိုရင်တော့ – လေ့ကျင့်ခန်း ပုံမှန်လေး လုပ်ပေးပါ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်အရွယ်ရလာလေလေ အရိုးရဲ့ သတ္တုဓာတ်တွေက ကျဆင်းလာလေလေပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးသိပ်သည်းဆကို ကောင်းစေသလို အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အဆစ်တွေ လှုပ်ရှားရကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ […]