ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေရန် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ယခုဆောင်ရွက်မှု သည် သာသနာအတွက်အကျိုးများသော လုပ် ငန်းဖြစ်၍ ဆရာတော်များအနေဖြင့် စိတ်ရောကိုယ်ပါ အလေးထားဆောင်ရွက်သွားမည်ဟု မိန့်ကြားတော်မူခဲ့ကြသည်။ ထို့ပြင် ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါယနာတင်ဋီကာ(၂၆)အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရန်လည်း မိန့်ကြားတော်မူခဲ့ကြသည်။ ထို့အတူ ကွန်ပျူတာစာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ […]