ylliX - Online Advertising Network

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ပြောင်းလဲမှုမရှိဘဲ ကွန်ပျူတာစာစီမူဖြင့်ပြန်လည်ပုံနှိပ်ထုတ်ဝေမည် – Popular




ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ်(၂၆)အုပ်ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေရန် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ယခုဆောင်ရွက်မှု သည် သာသနာအတွက်အကျိုးများသော လုပ် ငန်းဖြစ်၍ ဆရာတော်များအနေဖြင့် စိတ်ရောကိုယ်ပါ အလေးထားဆောင်ရွက်သွားမည်ဟု မိန့်ကြားတော်မူခဲ့ကြသည်။

ထို့ပြင် ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါယနာတင်ဋီကာ(၂၆)အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့်ဆောင်ရွက်ရန်လည်း မိန့်ကြားတော်မူခဲ့ကြသည်။

ထို့အတူ ကွန်ပျူတာစာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ စာသင်တိုက်ကြီးများသို့ အမြန်ပေးပို့သွားရန်လိုအပ်သည်ဟုလည်း မိန့်ကြားတော်မူခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား ရိုက်နှိပ်ပြီးသော အဋ္ဌကထာစာအုပ်(၂၇)အုပ်နှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော် ကွန်ပျူတာစာမူများကို ရှင်းလင်းပြသလျှောက်ထားခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *