ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်များ စုစုပေါင်း (၆၁၄) တန် တင်ဆောင်၍ ရောက်ရှိလာခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောများမှ ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက […]
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။ “၁၅ ရက်နေ့က စပြီးတော့ ဂိတ်မှာ တားထားတာ၊ ကုန်ကားပေးမဖြတ်ဘူး။ အဲ့ရက်နောက်ပိုင်း ဆန်ရယ် စက်သုံးဆီနဲ့ အစားအသောက်တွေ တားမြစ်လိုက်တယ်၊ မြောက်ပိုင်းကို အဲ့တာတွေ ပေးမဖြတ်တော့ဘူး။ လူစီးကားတော့ စစ်တာ တော်တော်ကြမ်းတယ်၊ နမ့်လန်ကိုတောင် သွားလို့ […]
Credit to Popular Journal – ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့သည်။ ထို့အပြင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားသည်။ အလားတူ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး(၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online […]