သူဟာ ဆီးရီးယားကို နိုင်ငံတကာနဲ့ ဆက်ဆံရေး ထူထောင်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဆီးရီးယား ပြည်သူတွေက ယုံကြည်ကြောင်း ဖေါ်ပြထားပေမယ့် ရှီဘာနီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဆီးရီးယားမှာ လက်ရှိအုပ်ချုပ်နေတဲ့ Ahmed al-Sharaa ဟာ အာဏာရယူခဲ့ချိန်ကစပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန်နဲ့ အမေရိကန် အကြီးတန်း သံတမန်တွေ အပါအဝင် နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့တာပါ။ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိက ဦးစားပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နိုင်ငံတကာ သံတမန်တွေနဲ့ ပြေလည်အောင် ဆက်ဆံလိုကြောင်းလည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဘယ်လို တိုက်ခိုက်မှုမျိုးမဆို လုပ်ဆောင်ဖို့ ဆန္ဒ မရှိကြောင်းလည်း ပြောပါတယ်။ ဆီးရီးယား အာဏာရှင် Assad […]
အခုလ အစောပိုင်းက ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားသူပုန်ခေါင်းဆောင်အပေါ် အရင်က ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ကို ပယ်ဖျက်လိုက်တယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ တချိန်က အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် Barbara Leaf တို့ ဒမတ်စကတ်မြို့တော်မှာ တွေ့ဆုံပြီးနောက် ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ HTS အဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်မှုကြောင့် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို […]
အစ္စရေးအနေဖြင့် ဆီးရီးယား၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အကြီးအကျယ် ဖျက်ဆီးနိုင်ခဲ့ကာ ထောက်လှမ်းသိရှိရသော မဟာဗျူဟာမြောက် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များ၏ ၉၀ ရာခိုင်နှုန်းကျော်အား ဖျက်ဆီးနိုင်ခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zx2 ………………………………………………………………………..(English Version)Israel says destroyed over 90 pct of Syria’s surface-to-air missile systemsThe Israel Defense Forces announced on Thursday that it has “severely damaged” Syria’s air defenses, destroying over 90 percent of identified […]
ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားပြီးနောက် လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်းဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။ Source link
ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ HTS လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ဂျီဟက်အဖွဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတွင်းက မြို့တွေ၊ ရွာတွေကို ပြီးခဲ့တဲ့တပတ်လုံး တိုက်ခိုက် သိမ်းယူခဲ့ကြပြီးတဲ့နောက် မြို့တော် Damascus နဲ့ Homs မြို့ကြီးတွေအထိ ဆက်လက် ချီတက် သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအခြေအနေအပေါ်အထူး စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောပါတယ်။ တချိန်တည်းမှာလည်း […]
၂၀၂၄၊ ဒီဇင်ဘာ ၆ ဆီးရီးယာကိုတိုက်ခိုက်နေသည့် အကြမ်းဖက်သမားများကို ကူညီနေခြင်းအား ချက်ခြင်းရပ်တန့်ပေးရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအစိုးရကို စွတ်စွဲပြီး သတိပေးပြောကြားလိုက်သည်။ ဥရောပတိုက်ဆိုင်ရာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သူ မိုဂျတာဘာ ဒမီချီလူ က သောကြာနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးပါ အချက်အလက်များနှင့်ပတ်သက်ပြီး အီရန်တက်စ်နင်သတင်းအေဂျင်စီက ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ယူကရိန်သည် ဆီးရီးယားရှိစစ်သွေးကြွများထံ အိုင်ဒီအက်စ်အပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချနေကြောင်းနှင့် အခြားအကူအညီများ ပေးနေကြောင်းကို သတင်းအခိုင်အမာရရှိထားသည်ဟု ဒမီချီလူက ဆိုခဲ့ပါသည်။ “ဒါက ကာကွယ်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ အစိုးရတွေ လိုက်နာရမဲ့ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းလင်းကြီး ကို ချိုးဖောက်လိုက်တာပါပဲ။ အကြမ်းဖက်အုပ်စုတွေကို အကူအညီပေးနေတာကို ချက်ခြင်းရပ်ပေးဖို့အတွက် တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။ ယူကရိန်းကို တိုက်ရန်အတွက် ရုရှားအား အီရန်က လက်နက်များရောင်းချနေသည့် […]