ylliX - Online Advertising Network

ဆီးရီးယား သူပုန်တွေကို ထောက်ပံ့တာ ချက်ခြင်းရပ်ပေးရန် အီရန်က ယူကရိန်းကိုဆို


၂၀၂၄၊ ဒီဇင်ဘာ ၆

ဆီးရီးယာကိုတိုက်ခိုက်နေသည့် အကြမ်းဖက်သမားများကို ကူညီနေခြင်းအား ချက်ခြင်းရပ်တန့်ပေးရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအစိုးရကို စွတ်စွဲပြီး သတိပေးပြောကြားလိုက်သည်။

ဥရောပတိုက်ဆိုင်ရာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သူ မိုဂျတာဘာ ဒမီချီလူ က သောကြာနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးပါ အချက်အလက်များနှင့်ပတ်သက်ပြီး အီရန်တက်စ်နင်သတင်းအေဂျင်စီက ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ 

ယူကရိန်သည် ဆီးရီးယားရှိစစ်သွေးကြွများထံ အိုင်ဒီအက်စ်အပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချနေကြောင်းနှင့် အခြားအကူအညီများ ပေးနေကြောင်းကို သတင်းအခိုင်အမာရရှိထားသည်ဟု ဒမီချီလူက ဆိုခဲ့ပါသည်။ “ဒါက ကာကွယ်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ အစိုးရတွေ လိုက်နာရမဲ့ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းလင်းကြီး ကို ချိုးဖောက်လိုက်တာပါပဲ။ အကြမ်းဖက်အုပ်စုတွေကို အကူအညီပေးနေတာကို ချက်ခြင်းရပ်ပေးဖို့အတွက် တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။

ယူကရိန်းကို တိုက်ရန်အတွက် ရုရှားအား အီရန်က လက်နက်များရောင်းချနေသည့် ယူကရိန်း၏ စွတ်စွဲချက်မှာ အခြေအမြစ်မရှိပါဘူးဟု ၎င်းကရှုံ့ချလိုက်သည့်အပြင် ယူကရိန်းက အမေရိကန်အပါအဝင် အနောက်အုပ်စုမှ လက်နက်များ အထောက်အပံ့ရချင်သောကြောင့် အီရန်နိုင်ငံကို မဟုတ်တမ်းတရား စွတ်စွဲတာဖြစ်ပြီး အီရန်နိုင်ငံအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကို ဝင်ရောက်စွက်ဖက်ခြင်းမရှိ၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန်အတွက် ယခင်ကတည်းက တောင်းဆိုခဲ့ကြောင်း ပြောကြားသွားပါသည်။ 

REF – RT

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *