ylliX - Online Advertising Network

ဆီးရီးယားနိုင်ငံက ပစ်မှတ်တွေကို အစ္စရေးလေကြောင်းက အပြင်းအထန်တိုက်ခိုက်

ဆီးရီးယားနိုင်ငံအနှံ့မှာ အစ္စရေးက ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို တပ်ဖွဲ့တွေလည်း နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်လာရာမှာ ဒမတ်စကတ်မြို့တော်နဲ့ ၁၅ မိုင်လောက် အကွာအထိ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Source link

ဆီးရီးယားနိုင်ငံက အကြီးဆုံးမြို့ အလက်ပို သူပုန်တွေသိမ်းပိုက်

ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ကို ခုခံမှု မရှိသလောက် နည်းပါးတယ်လို့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Hayat Tahrir al-Sham ဦးဆောင်တဲ့ သူပုန်တွေဟာ Aleppo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမဆုံး သူပုန်တွေက နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဆိပ်ကို သိမ်းပိုက်လိုက်ကြောင်း သူပုန်တွေကလည်း ကြေညာခဲ့ကြပြီး လေဆိပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။ သူပုန်အဖွဲ့တွေက အနီးအနား ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေရာမှာ ၂၀၁၆ ခုနှစ်တုန်းက […]