ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါးအွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့်ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။ အချို့ကလည်း မိမိ၏ တစ်နေ့တာသွားလာလှုပ်ရှားမှုများကို မိတ်ဆွေသူငယ်ချင်းများအား အသိပေးဝေငှကြသည်။ အချို့က မိမိပတ်ဝန်းကျင်တွင် အဆင်မပြေမှုများ၊ ခံစားချက်များကို ရင်ဖွင့်ကြသည်။ အချို့ကား ထင်ပေါ်ကျော်ကြားလိုမှုကို အကြောင်းပြု၍ ပွဲရှာကြသည်။ နာမည်ကျော်ပုဂ္ဂိုလ်များ၏ လတ်တလောအများအာရုံစိုက်ရာ ပြုမူပြောဆိုလှုပ်ရှားမှုအပေါ် အကြောင်းပြု၍ ယခုခေတ်စကားအရ ဝင်ဝုန်းကြသည်။ ဆိုရလျှင် လူအမျိုးမျိုးစိတ်အထွေထွေဆိုသကဲ့သို့ အွန်လိုင်းပေါ်တွင် ကိုယ်ဝါသနာပါရာ၊ သန်ရာသန်ရာကို ရေးကြသားကြတင်ပြကြသည်။ သို့ဖြင့် ဆိုရှယ်မီဒီယာခေတ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းအသီးသီး လိုက်နာကျင့်သုံးလျက်ရှိသော ကျင့်ဝတ်စည်းကမ်းများကို အွန်လိုင်းသုံးစွဲသူတိုင်း အကြမ်းဖျင်းသိရှိနားလည်ထားဖို့လိုပါသည်။ သိက္ခာပြည့်ဝသော သတင်းမီဒီယာ ကျင့်ဝတ်စည်းကမ်းနှင့် သိက္ခာပြည့်ဝသော သတင်းမီဒီယာအဖွဲ့အစည်းများသည် “သတင်းရေးသားရာတွင် အချက်အလက်တိကျခိုင်မာရမည်၊ သတင်းရေးသားသည့်အခါတွင် သတင်းရေးသူသတင်းထောက်၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ကို ထည့်မရေးရ၊ မိမိရေးသားသည့် […]