ylliX - Online Advertising Network

နေပြည်တော်သိမ်းအောင် – ဆီးရီးယားမှပေးသော သင်ခန်းစာ – MoeMaKa Media

နေပြည်တော်သိမ်းအောင် – ဆီးရီးယားမှပေးသော သင်ခန်းစာ (မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၄ ဆီးရီးယားနိုင်ငံတွင်း ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး မှတ်ချက်စကားများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‘ဂီယာပက်ဒါဆင်’(Gier pederson)ရဲ့ ‘တကယ့် အ ဖြစ်မှန်အသစ်တခုအပေါ် ထားရမယ့် နားလည်မှုအသစ်’ ဆိုတာကို သဘောကျမိပါတယ်။ ရှုထောင့်အသစ်ကနေ လက်တွေ့ကျကျ လက်ခံရှုမြင် ပေးကြရမယ့်အချိန်လို့ သဘောပေါက်ကြရမယ့် အခင်းအကျင်းပါ။ အာဏာရှင်ကို ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်ကြတယ် ဆိုပေမယ့်၊ ဆီးရီးယား အတိုက်အခံ တော်လှန်ရေး အင်အား စုများရဲ့ ကွဲပြားခြားနားမှုတွေက နိုင်ငံတကာကို စိတ်မသက်မသာ တလျှောက်လုံး ဖြစ်နေစေခဲ့တာပါ။ ပထဝီ ကြောင်း၊သမိုင်းကြောင်း၊လူမျိုးစု၊ဘာသာ၊နိုင်ငံရေးယုံကြည်မှု၊ကျောထောက်နောက်ခံ နိုင်ငံ/အဖွဲ့အစည်းများ အစ ရှိတဲ့ မတူညီမှု အများအပြားက နိုင်ငံတကာကို နားလည်မှု ရှုပ်ထွေးစေပါတယ်။ […]