၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ခေတ်နှင့်အညီပြင်ဆင်မည်ဟု ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)အား ဇန်နဝါရီ ၆ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)တွင်ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံး စွဲမှုတစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေ(၈) သန်းကျော်ေ-သဆုံးနေပြီး ယင်းအနက် လူဦးရေ (၁ ဒသမ ၂)သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်မဟုတ်ဘဲ အခြားသူသောက်သုံးသည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ရောဂါများဖြစ်ပွား၍ ေ-သဆုံးနေရခြင်းဖြစ်ကာ အများစုသည် အမျိုးသမီးနှင့်ကလေ-းငယ်များဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်သွားမည်ဟု ပြောသည်။ ထို့ပြင် အများပြည်သူများကြား ဆေးလိပ်နှင့် […]
စောအောင်လင်း(မန္တလေး) ဆေးလိပ်သောက်တဲ့သူတွေကို ပိုက်ဆံတွေမီးရှို့သူ၊ ကွမ်းစားတဲ့သူတွေကို အရည်မရ၊ အဖတ်မရလုပ်တဲ့သူလို့ လူကြီးသူမတွေက ပြောလေ့ရှိကြပါတယ်။ လူငယ်ဘဝ ကျောင်းသားအရွယ်မှာ တခြားသူတွေ ဆေးလိပ်သောက်တာကို အတုယူပြီး စမ်းသပ်သောက်ကြရင်း ဆေးလိပ်သောက်တတ်သွားကြတာများပါတယ်။ စာရေးသူရဲ့အစ်ကိုဆိုရင် ငယ်ငယ်က ဆေးလိပ်မသောက်တတ်ပေမယ့် တက္ကသိုလ်တက်မှ ဆေးလိပ်စပြီးသောက်ပါတယ်။ အစပိုင်းမှာတော့ စီးကရက်ကိုသောက်ပေမယ့်နောက်ပိုင်းမှာ ဆေးပေါ့လိပ်ကို စွဲစွဲလမ်းလမ်းသောက်ပါတယ်။ မနက်အိပ်ရာကထရင် အိပ်ခန်းအပြင်ကို မထွက်သေးဘဲ အိပ်ရာဘေးမှာ ဆေးလိပ်ကိုဝအောင်ထိုင်သောက်ပြီးမှ အိပ်ခန်းထဲကနေထွက်တဲ့အထိ သောက်ပါတယ်။ ကွမ်းယာ၊ အရက်၊ ဘီယာမစားမသောက်ပေမယ့် ဆေးလိပ်ကိုတော့ စွဲစွဲလမ်းလမ်းသောက်ခဲ့တာကြောင့် အသက်(၆၅)နှစ်အရွယ်မှာ အဆုတ်ရောဂါ၊ အသည်းရောဂါတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။ မသေခင်ဝေဒနာကို အလူးအလိမ့် ခံစားသွားရပါတယ်။ စာရေးသူနဲ့ ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ကတော့ ၁၀ တန်းကျောင်းသားဘဝကတည်းက စီးကရက်ကို စွဲစွဲမြဲမြဲနဲ့သောက်ပါတယ်။ စာသင်ချိန်နားလို့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ကြရင် စီးကရက်သောက်ပါတယ်။ […]