ဒီတစ်ပတ် (ဇန်နဝါရီ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ) အမေရိကန် သမ္မတသစ်ထရမ့်က နိုင်ငံတကာကူညီထောက်ပံ့မှုတွေ ရပ်လိုက်တဲ့သတင်းအပါအဝင် အင်ဒို မြေပြိုမှု သေဆုံးသူ မြင့်လာတဲ့ သတင်းအကြောင်းအရာတွေဟာ ကမ္ဘာ့ထိပ်တန်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးခေါင်ရေရှားလို့ ဆိုမာလီယာမှာ လူ ခုနစ်သောင်းကျော် သေဆုံးနေရတဲ့ သတင်း၊ မြောက်ကိုရီးယားစစ်သားတွေ ရုရှားကို ထပ်လွှတ်မယ်ဆိုတဲ့ သတင်းနဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ရာချီ ပိတ်လိုက်ရတဲ့ သတင်း အကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ “နိုင်ငံတကာ အကူအညီတွေကို ထရမ့်ရပ်လိုက်” အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ နိုင်ငံတကာကူညီမှုအပြင် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် သီးသန့်ထားရှိထားတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို […]
ဆိုမာလီယာ နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားရတာကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိမယ်လို့ နောက်ဆုံး လေ့လာချက်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ ကလေးများရံပုံငွေ အဖွဲ့ UNCF ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဆိုမာလီယာ ကျန်းမာရေး ဝန်ကြီးဌာန တို့ပါဝင်တဲ့ ကော်မရှင်ရဲ့ လေ့လာချက်အရ ၂၀၂၂ ဇန်နဝါရီ ကနေ ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း သေဆုံးရသူ အရေအတွက်ရဲ့ ၄၀ % ဟာ ကလေးငယ်တွေ ဖြစ်ပြီး သူတို့ဟာ အသက် ၅ နှစ်အောက်တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဆိုမာလီယာ နိုင်ငံ မိုဂါဒစ်ရှုး SIMAD တက္ကသိုလ် […]