ylliX - Online Advertising Network

ဆိုရီရေးစစ်ကို နေအိမ်မှာပဲ သက်သာအောင် လုပ်ဆောင်နည်း

ဆိုရီရေးစစ်ဆိုတာက autoimmune ရောဂါ တစ်ခုဖြစ်သလို နာတာရှည်အရေပြား ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆိုရီရေးစစ်က အရမ်းပြင်းထန်မယ်ဆိုရင် သေချာလေး ကုသမှု ခံယူဖို့ လိုအပ်တယ်ဆိုပေမယ့် အရမ်းမပြင်းထန်တာမျိုးဆိုရင်တော့ နေအိမ်မှာပဲ သေချာလေး ဂရုစိုက်ပေးရုံနဲ့ နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းကင်းနဲ့ လုပ်ငန်းတွေကို ဂရုစိုက်နိုင်မှာပါ။ ဒီနေရာမှာ အရေးကြီးတာလေး တစ်ခုက ကိုယ်တိုင်ရဲ့ လက္ခဏာတွေကိုလည်း သေချာလေး သိဖို့လိုပါမယ်။ နေအိမ်မှာပဲ ဆိုရီရေးစစ် သက်သာစေဖို့ ဘယ်လိုလုပ်မလဲ! ဆိုရီရေးစစ်ဆိုတာက နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်သလို မကြာခဏဆိုသလို ပြန်လည်ခံစားရနိုင်တဲ့ autoimmune disorder တစ်ခုပါ။ လက္ခဏာ အနေနဲ့ မြင်သာအောင် ပြောပြရရင် အရေပြားမှာ ပန်းရောင် ဒါမှမဟုတ် အနီရောင်လေးတွေ ဖြစ်ပြီး အဖြူဖတ်ဖတ်လေးတွေ အရေပြားကွာတာမျိုး ရှိနိုင်ပါတယ်။ အသားညိုတဲ့သူတွေမှာဆိုရင်တော့ ခရမ်းရောင်ရင့်ရင့် […]

ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ

Psoriasis (ဆိုရီရေးစစ်) ဆိုတာက အရေပြားဆဲလ်တွေကို စုပုံစေပြီး အရေပြားအပေါ်ယံအလွှာမှာ အမာရွတ်တွေ ဖြစ်စေနိုင်တဲ့ ကိုယ်ခံအားမှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကလည်း ဆိုရီရေးစစ် ခံစားနေရသူတွေမှာ ဒီကျန်းမာရေး ပြဿနာကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ များစွာတွေထဲက တစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ဆိုရီရေးစစ် ရှိသူတွေအနေနဲ့ သတိထားဆင်ခြင်လို့ရအောင် ဘယ်လို အစားအစာတွေက ဆိုရီရေးစစ်ပြဿနာကို ပိုဆိုးစေနိုင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ဆိုရီရေးစစ်ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသော သူတွေနဲ့စာရင် အဝလွန်တာမျိုး၊ အမျိုးအစား-၂ ဆီးချိုရောဂါ ခံစားရတာမျိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတတ်ပါတယ်။  ဒါကြောင့် ဆိုရီရေးစစ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို […]