ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ HTS လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ဂျီဟက်အဖွဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတွင်းက မြို့တွေ၊ ရွာတွေကို ပြီးခဲ့တဲ့တပတ်လုံး တိုက်ခိုက် သိမ်းယူခဲ့ကြပြီးတဲ့နောက် မြို့တော် Damascus နဲ့ Homs မြို့ကြီးတွေအထိ ဆက်လက် ချီတက် သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအခြေအနေအပေါ်အထူး စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောပါတယ်။ တချိန်တည်းမှာလည်း […]
ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ကို ခုခံမှု မရှိသလောက် နည်းပါးတယ်လို့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Hayat Tahrir al-Sham ဦးဆောင်တဲ့ သူပုန်တွေဟာ Aleppo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမဆုံး သူပုန်တွေက နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဆိပ်ကို သိမ်းပိုက်လိုက်ကြောင်း သူပုန်တွေကလည်း ကြေညာခဲ့ကြပြီး လေဆိပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။ သူပုန်အဖွဲ့တွေက အနီးအနား ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေရာမှာ ၂၀၁၆ ခုနှစ်တုန်းက […]