ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ကို ခုခံမှု မရှိသလောက် နည်းပါးတယ်လို့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Hayat Tahrir al-Sham ဦးဆောင်တဲ့ သူပုန်တွေဟာ Aleppo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမဆုံး သူပုန်တွေက နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဆိပ်ကို သိမ်းပိုက်လိုက်ကြောင်း သူပုန်တွေကလည်း ကြေညာခဲ့ကြပြီး လေဆိပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။ သူပုန်အဖွဲ့တွေက အနီးအနား ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေရာမှာ ၂၀၁၆ ခုနှစ်တုန်းက […]