ylliX - Online Advertising Network

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ ဒီဇင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာအခက်အခဲကြောင့် ဒီဇင်ဘာလအတွင်းဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၄ ဦးကို လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့ကြောင်းတောင်ကိုရီးယားနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒီဇင်ဘာ ၂၃ရက်) ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်က ကျေးရွာတစ်ရွာ၌ ရပ်ကျေး ပအဖ များ၊ ပြည်သူများ၊ မြို့နယ် ပအဖများ၊ရေးရာတာဝန်ခံများ၊တိုက်နယ် အဖွဲ့ဝင်များက တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့က […]

ရခိုင်မှာ စစ်ကောင်စီ အနာဂတ်မလှတော့ဘူး (ဆောင်းပါး) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာက၊ တောင်ပိုင်းစစ်ဒေသ၊… Source link

အတိတ်အရိပ်ဆိုးကို အနိုင်ယူခဲ့တဲ့ တောထဲက ဆေးမှူး – BUR.MIZZIMA.COM

ခယ်မေရှင် ရေးသည် သာမန်ညတွေလိုပဲ မှောင်မိုက်နေတဲ့ ညတညရဲ့ ညဦးအချိန်။ ၂၀၂၃ရဲ့ မိုးတွင်းကာလ ဩဂုတ်လရဲ့ ညတည။ အဲ့ဒီညရဲ့ ထိန့်လန့်ဖွယ် အဖြစ်အပျက်ကို အသက် ၁၉ နှစ်အရွယ်တော်လှန်ရေးရဲဘော်ရာဇာ(အမည်လွှဲ)တယောက် ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ ရဲဘော်ရာဇာဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+တဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ သတ္တိရှိရှိပါဝင်နေသူဖြစ်ပါတယ်။ အဲ့ဒီညက ရဲဘော်ရာဇာရှိနေတဲ့ တော်လှန်ရေးနယ်မြေတခုရဲ့ဆေးခန်းလေးမှာ ဘက်ထရီအိုးနဲ့ ချိတ်ထားတဲ့ မီးလုံးငယ်လေးတခုရဲ့ ခပ်မှိန်မှိန်အလင်းသာ ရှိနေချိန်ဖြစ်ပါတယ်။ ဆေးခန်းလေးက တောင်ထန်းဖက် အမိုး၊ အချောမသတ်ထားတဲ့ ပျဉ်တွေခင်းထားတဲ့ ခပ်အုပ်အုပ်အဆောက်အဦလေးပါ။ဒီဆေးခန်းဟာ တော်လှန်ရေးရဲဘော်တွေအတွက် သာမက ဒေသခံ ရွာသားတွေရဲ့ ကျန်းမာရေးအတွက်လည်း အားထားရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာဖြစ်ပါတယ်။ အသားဖြူဖြူ၊ပိန်သွယ်သွယ် ခန္တာကိုယ်နဲ့ ရုပ်ရည်ကြည်ကြည်လင်လင်ရှိတဲ့ရာဇာဟာ အဲ့ဒီနေ့ညက ဆေးခန်းရဲ့ ဆေးမှူးနားနေခန်းမှာ ရေချိုးပြီးစ အဝတ်အစားလဲနေပါတယ်။ သူအဝတ်အစားလဲနေစဉ်မှာပဲ အသက် ၂၀ […]