ဗွီအိုအေ အမေရိကန်အသံလွှင့်ဌာနရဲ့ ညွှန်ကြားရေးမှူးအသစ်အဖြစ် Kari Lake ကို ခန့်ဖို့ ရွေးချယ်ထား တယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာပါတယ်။ သတင်းတုတွေဖြန့်နေတဲ့ အလိမ်အညာ သတင်းမီဒီယာတွေလိုမဟုတ်ဘဲ အမေရိကန်ရဲ့ လွတ်လပ်မှု တန်ဖိုးတွေကို ကမ္ဘာကို မှန်ကန်မျှတစွာထုတ်လွှင့်နိုင်ဖို့ Lake က အသေအချာလုပ်လိမ့်မယ် Trump က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့တာပါ။ ‘အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ပျက်စရာတွေ ထုတ်လွှင့်နေတယ်’ လို့ ၂၀၂၀ ခုနှစ်တုန်း က ဗွီအိုအေနဲ့ပတ်သက်လို့ ပြောကြားခဲ့တာအပါအဝင် ရွေးကောက်ခံသမ္မတ Trump ဟာ VOA အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဗွီအိုအေကိုဦးဆောင်ဖို့ သူ့ကို Trump ရွေးချယ်တဲ့အပေါ် […]