-ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် တပခ တိုင်းစစ်ဌာနချုပ် စစ်ဦးစီးဌာန စစ်ဆင်ရေး ရုံးခန်း မီးလောင်ပြီး အရာရှိ ၂ ဦး သေသွားသည်ဟု သိရကြောင်း၊တပခ စခန်းရုံးကိုထိမှန်ပြီး စခန်းရုံး အရာရှိ၂ ဦးနင့်အခြားအဆင့်စစ်သား ၈ ဦး သေဆုံးကြောင်း၊ အရာရှိငယ်နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး အရာရှိ လိုင်းခန်းတွင်နေသူအချို့ ထိခိုက်သေဆုံးမှုအချို့ရှိကြောင်း၊ အိမ်စီးကား ၂ စီး နှင့် တပခစစ်မှုထမ်းသုံး လန်းဂျန်းကားတစ်စီး ပေါင်း ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်ဟု ကနဦးစုံစမ်းသိရတယ်လို့ […]
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်ကြား ရဲကင်းစခန်းတစ်ခုကို ယမန်နေ့ (ဒီဇင်ဘာ ၁၂) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရသည်ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ အနီးရှိ စခန်းဖြစ်သည်ဟု ဆိုသည်။ “ခုက လမ်းမပေါ်တက်ပြီး တိုက်ပွဲဖြစ်တာပါ။ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြားမှာရှိတဲ့ ရဲကင်းစခန်းကို တိုက်ခိုက် တာ။ ဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဝင်ရောက်ပစ်ခတ်တာပါ” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူ က ပြောသည်။ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရေးသာနေသော်လည်း တပ်မြို့ဖြစ်သော မိတ္တီလာဘက် မှ စစ်ကူများ လျင်လျင်မြန်မြန် ရောက်လာသဖြင့် လက်နက်များ […]
RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]
နိုဝင်ဘာလ ၁ ရက်နေ့ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ Related Source link
လောင်းလုံမြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအ၀င် ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၁၃ဦးခန့် သေဆုံးနိုင်ကြောင်း Longlone People Defence Force-LLPDF က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၊ (၁၂)ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲရန်ရောက်ရှိလာတဲ့ စစ်အုပ်စုကို အောက်တိုဘာလ (၁၃)ရက်နေ့မှာ ရင်းဘုတ်ရွာအနီးမှာ တစ်ကြိမ် အောက်တိုဘာ(၁၄)ရက်နေ့မှာ ဂေါ့အင်းရွာ အနီးမှာတစ်ကြိမ် အောက်တိုဘာ(၁၆)ရက်နေ့မှာ အောက်ရေဖြူရွာအနီးမှာ တစ်ကြိမ် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်း ဒရုန်းစစ်ဆင်ရေးများ တစ်ပတ်ခန့်အထိ တောက်လျှောက် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အရာရှိတစ်ဦးအပါအ၀င် အနည်းဆုံး (၁ဝ)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ပြီး (၁၃)ဦးခန့်သေဆုံးနိုင်ကြောင်း သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် […]
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၄ မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇူလိုင်လနောက်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ၊ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ နယ်မြေ သိမ်းယူနိုင်မှုအနေအထား ထပ်ပြီးပြောင်းလဲလာပြီးနောက်မှာ တရုတ်နိုင်ငံက မြန်မာ့အရေးကို ပါဝင်မှုက ပိုမိုသိသာထင်ရှားလာတာ အားလုံး သတိထားမိကြပါလိမ့်မယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနေပြည်တော်ကို လာရောက်တာ၊ အဲဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်းအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ မကျော်ရမယ့် စည်း ၃ စည်းစတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေ အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ဝ လက်နက်ကိုင် အဖွဲ့နဲ့ […]