ရန်ကုန်-မန္တလေး အမြန်လမ်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဖြစ်သဖြင့် ထိုလမ်းမကြီးကို အသုံးပြုနေကြသည့် ခရီးသွားများသတိထားသွားလာကြရန် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ယနေ့တွင် သတိပေးလိုက်သည်။ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဆိုပါဒေသတွင်းလက်နက်ကိုင်တပ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသာယာဉ်များကို ယနေ့နံနက်က တားဆီးစစ်ဆေးနေစဉ် ယင်းကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။ ခရီးသွားပြည်သူများအား မလိုအပ်ဘဲ အမြန်လမ်းပေါ်တွင် ခရီးမသွားရန်၊ ညပိုင်အချိန်မထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရှေ့ဆက်ကားမမောင်းဘဲ လုံခြုံသည့်နီးစပ်ရာနေရာများတွင် နေထိုင်ရန် သတိပေးခဲ့ကြောင်း ဆိုသည်။ “ မကြာခင် ဒီလမ်းမပေါ်မှာ တိုက်ပွဲဖော်ဆောင်မှုတွေရှိလာမှာပါ၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက် ပေးပါလို့ မေတ္တာရပ်ခံတာပါ” ဟု အရပ်သားယာဉ်တန်းကို တားဆီးစစ်ဆေးပြီးနောက် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်ကို တွေ့မြင်ရသည်။ အမြန်လမ်းပေါ်တွင် […]