မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက်ဆီ သွားတွေ့မယ့်အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ထိုင်း အတိုက်အခံပြည်သူ့ပါတီ အမတ် Viroj Lakkana-adisorn ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။ ငါးဖမ်းသမား ၄ ယောက်ကို သွားတွေ့တာဟာ မြန်မာစစ်ကောင်စီကို အတင်းအကြပ် ဖိအားပေးသလို ဖြစ်သွားနိုင်တဲ့အတွက် အကျိုးထက် အပြစ်ပိုဖြစ်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး Ras Chalee Chan က မနေ့က သတိပေးတာကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသားပါတယ်။ ထိုင်း အတိုက်အခံအမတ်လည်းဖြစ် အောက်လွှတ်တော် စစ်ဘက်ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ အမတ် Viroj Lakkana-adisorn က ကော့သောင်းကို သွားပြီး ငါးဖမ်းသမား ၄ ယောက်ကို […]
ရခိုင်ပြည်နယ်။ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ခဲ့တဲ့စစ်ဆင်ရေးမှတ်တမ်းတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းတွေရဲ့ အခြေအနေကိုရုပ်သံမှတ်တမ်းတွေနဲ့အတူ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြလာပါတယ်။အဆိုပါရုပ်သံဖိုင်အတွင်း နပခ တ်ိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ မြေပြင်မှာ စစ်ရှုံးနေတာကိုလက်ခံပြီး တပ်မတော်သားတွေရဲ့ အသက်ကို ငဲ့ဖို့နဲ့ ပြည်သူအပေါ် ဗုံးကြဲတာတွေရပ်တံ့ဖို့ ၊ ဆက်လုပ်မယ်ဆိုပါက တပ်မတော်သားတွေနဲ့ပြည်သူတွေရဲ့ နာကြည်းမှုကိုသာ မျိုးဆက်အလိုက်ရရှိခံစားရမယ်လို့ နေပြည်တော်ရှိစစ်ခေါင်းဆောင်တွေကို သတင်းစကားပါးခဲ့ပါတယ်။ “ဗိုလ်မှူးချုပ်ကြီးအနေနဲ့ မြေပြင်ကတပ်မတော်သားတွေရဲ့အသက်တွေဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကိုလက်ခံပေးပါ။ ပြည်သူလူထုကိုဗုံးကြဲတာနဲ့အကြမ်းဖက် တာတွေရပ်တန့်ပေးပါ။ ဆက်လုပ်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်လို့သိစေချင်ပါတယ်”လို့ သူက စစ်ခေါင်းဆောင်တွေကို သတင်းစကားပါး တောင်းဆိုခဲ့တာဖြစ်ပါတယ်။လက်အောက်ငယ်သားတွေအနေနဲ့ ခေါင်းဆောင်မှုမပီသသူတွေရဲ့အောက်မှာ အသေခံပြီး […]
မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ၏ စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာသာတရားသည် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခု၊ အ သိတရားတစ်ခုဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကာ လူသားတို့၏ အတွင်းစိတ်သန္တာန် အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဟု ပြောသည်။ ထို့ကြောင့် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကာ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း […]
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကျေးလက်ဒေသ အသွင်ပြောင်းလဲရေးကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌ တရုတ်နိုင်ငံ၏ အင်အား တည်ဆောက်ရေး ရည်မှန်းချက်အား ခိုင်ခိုင်မာမာဖြင့် ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZHj……………………(English Version)Xi urges deepening rural reform, building up strength in agriculturePresident Xi has urged further deepening rural reform and making solid advances toward the goal of building up China’s strength in agriculture. xhtxs.cn/ZHj Source link
တိုင်းနှင့်ပြည်နယ်များအလိုက် စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ တိုင်းနှင့် ပြည်နယ်များအလိုက် Green Zone Area များဖော်ဆောင်ရမည်ဖြစ်ကာ တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကြပ်မတ်မှုအားနည်းပါက နောင်အနာဂတ်တွင် သစ်တောသစ်ပင်ပြုန်းတီးမှုနှင့် ရာသီဥတုဖောက် ပြန်မှုတို့ကို ကြုံတွေ့ရနိုင်မည်ဟု ပြောသည်။ ထို့ပြင် ပြီးခဲ့သည့် မိုးရာသီကစိုက်ပျိုးခဲ့သည့်အပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရန်ဆောင်ရွက်ရမည်ဖြစ်ကာ အစိုးရမှ အချိန်၊ ငွေကြေးနှင့်လုပ် အားအရင်းအနှီးများစွာကုန်ကျခံ၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ် ၍ အောင်မြင်မှုရှိအောင် ဆက်လက်ထိန်းသိမ်းရမည်ဟု မှာကြားသည်။ လမ်းဘေးဝဲယာများတွင် သစ်ပင်သစ်တောများ ရှင်သန်မှုရှိအောင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများနှင့်ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ” ဒေသအလိုက်၊ နယ်အလိုက် အနီးကပ်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေက ကြည့်ရှုကြပ်မတ်ဆောင်ရွက်ရပါမယ်” […]
အစ္စရေးအနေနဲ့ နောက်ထပ်အကြောင်းပြချက်တွေလုပ်မနေဘဲ လက်ဘနွန်အခြေစိုက် ဟက်ဇဘိုလာ တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell ကအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါ တယ်။ အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက် လပေါင်းအတော်ကြာပြီဖြစ်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွါထွက်ပြေးနေရတဲ့ အရပ်သားတွေအတွက် အပစ်အခတ်ရပ်စဲရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့ Joshep Borrell က အီတလီနိုင်ငံမှာကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်မီ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အနေနဲ့ အခြားတောင်းဆိုချက်တွေထပ်လုပ်မနေဘဲ အပစ်ရပ်ဖို့ ဒီကနေ့ပဲသဘောတူလိမ့်မယ်လို့ သူအနေနဲ့မျှော်လင့်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ တွေနဲ့ သတ်ဖြတ်နေတာတွေ ချက်ခြင်းရပ်ပြီး ငြိမ်းချမ်းရေးအတွက် စတင်စဉ်းစားကြပါစို့လို့လည်း Josep Borell ကပြောပါတယ်။ အစ္စရေးနဲ့ ဟက်ဇဘိုလာတွေကြား အမေရိကန်ပြည်ထောင်စုကကြားဝင်ညှိနှိုင်းပေးနေပြီး အပစ် ရပ်စဲရေးဖြစ်ဖို့မျှော်လင့်ရကြောင်း တနင်္လာနေ့ကပြောခဲ့ပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် Amos Hochstein ဟာ […]
မဇ္ဈိမ။ ။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ပျက်သုဥ်းရေးအတွက် ပိုမိုအားကောင်းသည့် ကူညီထောက်ခံ ပံ့ပိုးမှုများရရှိစေရန် အမေရိကန်အစိုးရထံ အားလုံးပူးပေါင်းတောင်းဆိုသင့်သည်ဟု ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်သည်။ ယမန်နေ့ ( နိုဝင်ဘာလ ၉ ရက်) က အမေရိကန်နိုင်ငံ ချီကာကိုမြို့ရှိ Naperville တွင်ပြုလုပ်ခဲ့သည့် မြန်မာလူထုတွေ့ဆုံပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ နိုင်ငံရေး အပေါ် အမြင်မတူသည်များ ဘေးချထားကာ မြန်မာအရေးအတွက် အခွင့်အလမ်းသစ်များရအောင်ကြိုးစားရန် လိုအပ်ကြောင်းလည်း သူကဆိုသည်။နွေဦးတော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်ရေး၊ မြန်မာနိုင်ငံ အပေါ်ထားသည့် တရုတ်နိုင်ငံ၏ မူဝါဒ၊ အာာဏာသိမ်းစစ်တပ်၏ အခြေအနေ၊ နိုင်ငံတကာနှင့် မြန်မာ့အရေးဆက်စပ်မှု စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် အဆိုတော်ရန်ရန်ချမ်း၊ Cobra ၊ လင်းနစ် ၊ ကျော်သီဟ ၊ လင်းထက် […]
တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။ စစ်ခေါင်းဆောင်က စီးပွားရေး […]
Credit to Popular Journal – ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့သည်။ ထို့အပြင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားသည်။ အလားတူ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး(၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online […]