ylliX - Online Advertising Network

တိုက်ပွဲတွေရပ်ဖို့  KIO ဥက္ကဋ္ဌကို တရုတ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံကို ဆွေးနွေးပွဲ သွားရောက်ခဲ့တဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နယ်စပ်ဂိတ်ကိစ္စရပ်တွေအပြင် မြေရှားသတ္တုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ လောလောဆည်မှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိသလို ခေါင်လန်ဖူးမြို့နယ်ဘက်မှာလည်း KIA က ပြည်သူ့စစ်စခန်းတခုကို သိမ်းယူခဲ့တာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းတွေကို ရန်ကုန်က ပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဒီလဒီဇင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အခုအခါမှာတော့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နဲ့ အဓိက ဆွေးနွေးတဲ့အချက်တွေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA […]