ရခိုင်နှင့် အစပ် ဧရာဝတီတိုင်းထဲက ဘောမိနှင့် ရွှေသောင်ယံမြို့နယ်ခွဲ တကြောရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေဖြစ်ပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်နေရကြောင်း ပုသိမ် သတင်းရင်းမြစ်များက ပြောသည်။ မကျီးဇင်ကို သိမ်းပြီးနောက် ဘောမိက တပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်း PDF တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဟု သတင်း ထွက်ပေါ်နေသော်လည်း Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရွှေသောင်ယံ သတင်းရင်းမြစ်တစ်ဦးက “ဘောမိဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သာပေါင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့အပတ်က တိမ်းရှောင်သွားကြတဲ့ ရွှေသောင်ယံက မြို့ခံတွေ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ရခိုင်အဆုံးမြို့ ဂွမြို့ကို သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက PDF များဖြင့် ပူးပေါင်းကာ […]