ylliX - Online Advertising Network

မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များတွင် တိုက်ပွဲရှိနေပြီဟု AA ပြော

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော တိုင်းဒေသကြီးများဘက်တွင် တိုက်ပွဲရှိနေသည်ဟု အာရက္ခတပ်တော် (AA) က  ယမန်နေ့(ဇန်နဝါရီ ၂၀) ညပိုင်းတွင်  သတင်းထုတ်ပြန်လိုက်ပြီး ဧရာဝတီတိုင်းတွင်လည်း ထိုးစစ်ဆင်ခံရသော ကျေးရွာတစ်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။  ထိုရွာမှာ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိကျေးရွာ ဖြစ်သည်ဟု သိရသည်။ AA ထိန်းချုပ်ထားသော ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်၏ တောင်ဘက် ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။  ဇန်နဝါရီ ၁၆ ရက်နေ့က ဘောမိရွာတွင်  တိုက်ပွဲပြင်းထန်ခဲ့ပြီး  စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရွှေသောင်ယံမြို့အနီး နေထိုင်သည့် ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။ “၁၈ ရက်နေ့ထိက ဘောမိရွာကို […]