နေပြည်တော်၊ ဇန်နဝါရီ ၇ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီလ ၆ ရက်နေ့ ၁၁ ၀၀ အချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် အေးဖေ (ခ)အင်းသား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁၃၀ အချိန် ထွန်းထွန်းနိုင်(ခ)အားဖူ အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၇၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၉၁၄ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း […]
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ် ချုပ်လမ်းမဘေးတွင်ဖွင့်လှစ်ထားသော First Rate Mobile ဖုန်းဆိုင်အတွင်းသို့ အမျိုးသား(၄) ဦးမှ သေနတ်များကိုင်ဆောင်၍ဝင်ရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအား ကြမ်းပြင်ပေါ်တွင်မှောက်ခိုင်းပြီးနောက် ဆိုင်နောက်ခန်း၌ ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်း ကိုဟိန်းမြတ်သူ(၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ပြီးနောက် ဆိုင်အတွင်းရှိ ငွေကျပ် (၁၁၂၁)သိန်းခန့်တန်ဖိုးရှိ iPhone (၂၀)လုံးအား လုယက်ယူဆောင်ကာထွက်ပြေးသွားခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် တာချီလိတ်မြို့မရဲစခန်းက (ပ) ၁၆၈/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့်အမှုဖွင့်ကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ […]
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးသွားသည့်အထိ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)နေ့ နံနက်ပိုင်း ၁၀နာရီခွဲဝန်းကျင်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ရန်အောင်မြေရပ်ကွက် ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်ကို ဓားပြဝင်တိုက်ခဲ့ပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦးကို ပစ်သတ်သွားခဲ့သည်ဟု တာချီလိတ်မြို့နယ်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပါလျံမီးပွိုင့်မရောက်ထင်နာလေးက First Rate ဖုန်းဆိုင် ဓားပြတိုက်ခံရတယ်။ ဝန်ထမ်းအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သွားတယ်။ အသက် ၂၀ ဝန်းကျင်လောက်ပဲရှိသေးတဲ့ ဝန်ထမ်းက သေဆုံးသွားတယ်။ ရောင်းတဲ့ iPhone လည်း တော်တော်များများပါသွားတယ်။ ဆိုင်ကဆိုင်ကယ်တွေရော ပါသွားတယ်” […]