ylliX - Online Advertising Network

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး၊ ဒီဇင်ဘာ ၂၅  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှတ်(၂၀)ရပ်ကွက်၌ ၁၉၆၉ ခုနှစ် ကတည်းက ဒေသကြက်သားပေါက်မွေးမြူရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် ဦးစောအယ်ဒို၏ ဧဒင်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်အား တစ်ပိုင်တစ်နိုင် မွေးမြူခြင်းစနစ်မှ စီးပွားဖြစ် ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲဆောင်ရွက်နေသဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ဈေးနှုန်းချိုသာစွာ ဒေသကြက်စာထုတ်လုပ်နိုင်ရေး၊ လိုအပ်သောကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် မြို့နယ်အလိုက်ဆောင်ရွက်လျက်ရှိသည့် စံပြဒေသကြက်မွေးမြူရေးခြံများတွင် စီးပွားဖြစ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ဒေသကြက်သားပေါက်စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ […]