ylliX - Online Advertising Network

တင်တင်မာ(ဒဂုန်) – ကျွန်တော်နှင့် သိကျွမ်းခဲ့သော အမျိုးသမီးကြီး (ဝါ) ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်း

တင်တင်မာ(ဒဂုန်) – ကျွန်တော်နှင့် သိကျွမ်းခဲ့သော အမျိုးသမီးကြီး (ဝါ) ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်း (မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၅ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေမှာ ဇာတ်လိုက်မင်းသားတွေ ရှိခဲ့ကြပါတယ်။ သို့ပေမဲ့ သူတို့များဟာ ဘေးအန္တရာယ်များကို ရင်ဆိုင်ဝံ့လောက်အောင် သတ္တိနှင့် ပြည့်စုံလှတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ပြဇာတ်တွေမှာ သူတို့ရဲ့ ပြိုလဲပျက်စီးသွားတာတွေကို မျက်ဝါးထင်ထင် မြင်အောင် ချလိုက်သလိုပါပဲ။  စင်စစ်မှာတော့ သူတို့ဟာကို သူတို့ကိုယ်သူတို့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ဘာကြောင့် ဒီလိုဆိုရသလဲ ဆိုတော့ ဇာတ်ကောင်တွေရဲ့ ပင်ကိုသဘာဝတွေမှာပင် ပျက်စီးခြင်းလမ်းကို တာစူနေတာ သဘောတွေ ပါရှိနေလို့ပါပဲ။ ဒါဟာလည်း ရှောင်လွှဲလို့လည်း ရမှာမဟုတ်သလို၊ ခုခံတားဆီးလို့လည်း ရမှာလည်း မဟုတ်ပါဘူး။ ထွက်ပေါ်လာမယ့် အကျိုးရလဒ်ဟာလည်း ဘယ်ပုံဘယ်ပုံနည်းနဲ့မှ တားဆီးလို့ရမည် မဟုတ်။ ဒါ့ကြောင့်လည်း ဒါဟာ စိတ်မချမ်းမြေ့စရာ ဒုက္ခလို့ ခေါ်ဝေါ်ကြတာပါပဲ။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ညွှန်းနေတယ်လို့ […]

တင်တင်မာ(ဒဂုန်) – ချစ်လှစွာသော မေမေ (ဒုတိယကမ္ဘာစစ် အတွင်းမှ မှတ်မှတ်ရရ ပေးစာတစောင်)

(မိုးမခ) ဇန်နဝါရီ ၁၁ ၊ ၂၀၂၅ စက်တင်ဘာလ ၁၃ ရက်၊ ၁၉၄၀ ချစ်လှစွာသော မေမေ ဒီမနက်ခင်း ဘာကင်ဟမ် နန်းတော် (Buckingham Palace)ကို ကြဲချသွားတဲ့ ဗုံးဒဏ်ဟာ ဘယ်နှယ့်လောက်များ ပြင်းထန်သလဲဆိုတာ စပြီး ဆိုဖွယ်ရာ စကားတောင် မရှိတော့ပါဘူး မေမေရယ်။ သမီးနဲ့ ဘာဒီ (King George VI) တို့ မနက် ဆယ့်တစ်နာရီ မတ်တင်း ဝန်းကျင်မှာ နန်းတော်ထဲကို ပြန်ရောက်ကြပြီး ကျွန်မကတော့ သနားစဖွယ် ပြတင်းပေါက်ကလေးတွေ မရှိရှာတော့တဲ့ အခန်းလေးတွေ ဆီကို ဟိုဟိုဒီဒီ တိုလီမိုလီလေးတွေ ယူဖို့ တက်သွားခဲ့ပါတယ်။ သမီး မေမေ့ကို မဖြစ်မနေ ပြောရမှာတော့ လေကြောင်းသတိပေးသံကို ကြားလိုက်ရပြီးသကာလ သမီးက ဘာဒီ အခန်းမျက်နှာချင်းဆိုင်မှာ ရှိတဲ့ အခန်းငယ်လေးဆီ အကယ်၍ သူ‌ ခဏအနားယူဖို့များ […]