ylliX - Online Advertising Network

တင်တင်မာ(ဒဂုန်) – ကျွန်တော်နှင့် သိကျွမ်းခဲ့သော အမျိုးသမီးကြီး (ဝါ) ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်း


တင်တင်မာ(ဒဂုန်) – ကျွန်တော်နှင့် သိကျွမ်းခဲ့သော အမျိုးသမီးကြီး (ဝါ) ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်း

(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၅


ရှိတ်စပီးယားရဲ့ ပြဇာတ်တွေမှာ ဇာတ်လိုက်မင်းသားတွေ ရှိခဲ့ကြပါတယ်။ သို့ပေမဲ့ သူတို့များဟာ ဘေးအန္တရာယ်များကို ရင်ဆိုင်ဝံ့လောက်အောင် သတ္တိနှင့် ပြည့်စုံလှတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ပြဇာတ်တွေမှာ သူတို့ရဲ့ ပြိုလဲပျက်စီးသွားတာတွေကို မျက်ဝါးထင်ထင် မြင်အောင် ချလိုက်သလိုပါပဲ။ 

စင်စစ်မှာတော့ သူတို့ဟာကို သူတို့ကိုယ်သူတို့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ဘာကြောင့် ဒီလိုဆိုရသလဲ ဆိုတော့ ဇာတ်ကောင်တွေရဲ့ ပင်ကိုသဘာဝတွေမှာပင် ပျက်စီးခြင်းလမ်းကို တာစူနေတာ သဘောတွေ ပါရှိနေလို့ပါပဲ။

ဒါဟာလည်း ရှောင်လွှဲလို့လည်း ရမှာမဟုတ်သလို၊ ခုခံတားဆီးလို့လည်း ရမှာလည်း မဟုတ်ပါဘူး။ ထွက်ပေါ်လာမယ့် အကျိုးရလဒ်ဟာလည်း ဘယ်ပုံဘယ်ပုံနည်းနဲ့မှ တားဆီးလို့ရမည် မဟုတ်။ ဒါ့ကြောင့်လည်း ဒါဟာ စိတ်မချမ်းမြေ့စရာ ဒုက္ခလို့ ခေါ်ဝေါ်ကြတာပါပဲ။

ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ညွှန်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော် ငါးနှစ်သား အရွယ်ကတည်းက သူမနဲ့ သိကျွမ်းခဲ့တာပါ။ အဲံဒီအချိန်တုန်းက သူ့မိခင်ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖြစ်ပြီး ကျွန်တော် ခေါ်လေ့ရှိတာကတော့ သူမကို အမြဲတမ်းပဲ “စု” ပေါ့လေ။ 

အဲဒီတုန်းက သူမဟာ ဒေလီမြို့က အမျိုးသမီးကျောင်း (Lady Shri Ram College)ပညာသင်ယူနေပါတယ်။

ကျွန်တော်တို့ မိဘတွေလည်း အချင်းချင်း တရင်းတနှီးရှိကြပြီး စုနဲ့ ကျွန်တော် အစ်မ ကီရန်တို့ကတော့ ကောလိပ်ကို မကြာခဏဆိုသလို ကားမောင်း ကျောင်းသွားတက်လေ့ရှိပါတယ်။

စုဟာ ဆယ်ကျော်သက်အရွယ်ကတည်းကကိုပဲ နိုင်ငံရေးနှင့် နီးနီးကပ်ကပ်ရှိခဲ့ပါတယ်။

သူ့အနာဂတ်ဟာ မြန်မာပြည်(ဗမာပြည်) ကို အုပ်ချုပ်ရလိမ့်မယ်လို့ ကြိုသိနေပုံရသလိုမျိုး သူ့နှုတ်ကလည်း ရယ်စရာ မောစရာ ပြက်လုံးလေးတွေ ထုတ်ထုတ်ပြီးပြောလေ့ရှိခဲ့ပါတယ်။

၁၁ ရက်၊ အောက်တိုဘာလ ၊ ၁၉၆၂ သူမကိုယ်တိုင် ပုံတူဆွဲပေးခဲ့တဲ့ ကျွန်တော့်အစ်မပုံရဲ့ အောက်မှာ “ကီရာတက်အား မည့်သည့်အချိန်မဆို မြန်မာပြည်(ဗမာပြည်) အတွင်းကို ဝင်ခွင့်ပြုနိုင်ပေလိမ့်မည်။” လို့ ရေးသားခဲ့ပါသေးတယ်။ သူမဟာ အဲဒီတုန်းက အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။

နှစ်ပေါင်းများစွာကြာပြီးနောက် ကျွန်တော်နဲ့ အောက်စဖို့ဒ်မှာ တွေ့တုန်းက မိုက်ကယ် ဒီလို ပြောပါတယ်။ စုနဲ့ ကျွန်တော်တို့ အိမ်ထောင်ပြုကျတုန်းက သူမ ၂၇ပါ။ သူတို့ အိမ်ထောင်မကျမီကတည်းက မြန်မာပြည်(ဗမာပြည်)က သူ့ကို လိုအပ်လာရင် အမြဲတမ်း သူကသာ ကျွန်မရဲ့ ဦးစားပေးဖြစ်ပါရစေလို့ ကြိုတင်စကားခံပြီးသားပါပဲတဲ့ဗျ။

အမှန်တကယ်တော့ မိုက်ကယ်ဟာ ၁၉၈၈ ခုနှစ်မှာ သူမ မြန်မာပြည်(ဗမာပြည်)ကို ပြန်သွားတဲ့ အချိန်ကတည်း သူမ ပြန်နိုင်တော့မှာ မဟုတ်ဘူးလို့ ကြိုတင်ခံစားနေမိခဲ့ပါတယ်။

တကယ်လက်တွေ့မှာ ဒီအတိုင်း ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ မိုက်ကယ် ဆုံးပါးသွားသည်အထိ ရှင်ကွဲ ကွဲခဲ့ရပါတယ်။ ထိုနည်းတူပဲ သူမချစ်ရသော သားတွေနဲ့လည်း အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရပါတယ်။ အဲဒီနောက် ၂၁ နှစ်တာကာလ၊ ပြောရရင်တော့ ၁၅ နှစ်တာကာလအတွင်း အကျဉ်းထောင် (သို့) နေအိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။

သူမခမျာ ဒီလို ဖြတ်သန်းခဲ့ရတာကြောင့် ထိခိုက်ခံစားရမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့လည်း နိုင်ငံရေးနှင့် သူ့ရဲ့ သန္နိဋ္ဌာန်အရ အာဏာရရှိလာဖို့ဟာ ပေးအပ်ခံထားရတဲ့ တာဝန်တစ်ခု ဆိုတာထက် ပိုကိုပိုပါတယ်။ ဒါဟာ သူတို့ ပြည်သူတွေ လိုလားတောင့်တားနေကြတာပါပဲ။ ဒါတွေဟာ သူမကို ပုံဖော်ထုဆစ်ပေးနေတာပါ။

တစ်နည်းအားဖြင့် ပြောရရင် သူ့ဖေဖေရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီ အိပ်မက်ဟာလည်း သူ့ဖေဖေ မြန်မာပြည်(ဗမာပြည်)လွတ်လပ်ရေးမရခင် လုပ်ကြံသတ်ဖြတ်ခံရပြီး ရက်ရက်စက်စက် ပြိုလဲခဲ့ရတာပါပဲ။

ကျွန်တော် သူမကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ မှာ နောက်ဆုံး အင်တာဗျူးစဉ်တုန်းက သူမ ဦးဆောင်တဲ့ အစိုးရ အာဏာရလာမယ့် ရွေးကောက်ပွဲ မတိုင်မီကလေးတင် ရိုဟင်ဂျာအရေးဟာလည်း အတော်လေး စိန်ခေါ်မှတစ်ရပ်ဖြစ်နှင့်နေပြီး သူမ အာဏာရလာခဲ့ရင် သူမကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းရမှာ သိနေခဲ့ပါတယ်။ အဲဒီတုန်းအချိန်တုန်းက သူမဟာ ရိုဟင်ဂျာတွေအတွက် စိုးရိမ်ပူပန်မှုနှင့် ကရုဏာသက်ကြောင်းကို မပြောနိုင်လေသလား၊ မပြောလိုလေသလားတော့ မသိပေမယ့် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

သူမရဲ့ နှုတ်ဆိတ်နေမှုကို ကျွန်တော် မေးခွန်းထုတ်ခဲ့ပါတယ်။ သူမရဲ့ ဖြေရှင်းချက်ဟာ နှစ်ဦးနှစ်ဖက်စလုံးကို ဘက်မလိုက်ဘဲ ရှုမြင်ခြင်းဟာလည်း သေချာအောင်လုပ်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲလို့ ပြောပါတယ်။ နှုတ်ဆိတ်နေခြင်းဟာ သူမကို အခွင့်အရေး ပေးနေနိုင်သလို၊ သူမအာဏာရလာတဲ့အခါ သာတူညီမျှ အုပ်ချုပ်ဖို့ ခိုင်မာတဲ့ အုတ်မြစ်လို့ မြင်နေပုံရပါတယ်။ သူမရဲ့ မျှော်မှန်းချက်ဟာ အမျိုးသားရင်ကြားစေ့ရေးဖြစ်ခြင်းနှင့် အတူ အပြစ်တင်ရှုတ်ချခြင်းကလည်း ကပ်လိုက်လာပါတော့တယ်။ 

ဒါဟာ မီးကို ရေနဲ့ ငြှိမ်းခြင်းမဟုတ်ဘဲ မီးလောင်ရာ လေပင့်နေတဲ့ သဘောနဲ့ အတူတူပါပဲ။

ကျွန်တော်အဖို့မှာတော့ သူ့ကို သံသယဖြစ်စရာ အကြောင်းမရှိပါဘုး။ သူမဟာ ဘယ်တော့မှ

သမ္မတ မဖြစ်နိုင်ဘူးဆိုတာလည်း ထင်ရှားသလို အတွင်းရေး လုံခြုံမှုဟာလည်း သူ့ရဲ့ ဖြစ်ထွန်းလာနိုင်တဲ့ အလားအလာကို နှောက်ယှက်ဟန့်တားနေတဲ့ စစ်တပ်အပေါ်မှာ တည်နေပါတယ်။ သူမမှာ ရရှိထားတဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်ကိုထဲကိုမှ သူတို့ကို ဝေဖန်ပြစ်တင်လိုက်ရင် အန္တရာယ်ရှိသွားနိုင်ပါတယ်။

သူမမှာ အသွားအလာ အပြောအဆို အစခပ်သိမ်း သတိကြီးကြီး ထားနေရရှာပါတယ်။ သူမ ရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင် စားပွဲပေါ် အရောက်လှမ်း ညှိနှိုင်းဖို့ပဲ ရှိခဲ့ပါတယ်။ ဒါတွေ အားလုံးကို နားလည်ပေးလို့ ရနိုင်ပါတယ်။

ဒီလို ညှိနှိုင်းတဲ့အခါမှာလည်း သိပ်တော့ ဆိုးဆိုးရွားရွား အခြေအနေတွေ ထွက်ပေါ်မလာခဲ့ပါဘူး။ သူမ ရွေးကောက်မှာ အနိုင်ရပြီးနောက်မှ ဒါဟာလည်း ပြတ်ပြတ်သားသား ဖြစ်လာတာပါပဲ။ သူမဟာ အာဏာ လက်ထဲ ရောက်လောက်တော့ သူမရဲ့ ကိုယ်ကျင့်တရားတွေကို ပစ်ပယ်ပြီး တစ်မျိုးတစ်မည်ပြောင်းသွားပြီလို့ ကျွန်တော် တစ်ခါဖူးမှ မတွေးထင်ခဲ့မိပါဘူး။ သို့သော်လည်း ဒါဟာ ငြင်းမရတဲ့ အကျိုးရလဒ် တစ်ခုပါပဲ။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံတစ်ဦးအနေနဲ့ ရိုဟင်ဂျာ အရေးကို ပြောကြားရာမှာ ဒါဟာ အကြမ်းဖက်ဝါဒနှင့် လုံခြုံရေး အမှုထမ်းတွေ သတ်ဖြတ်ခံရတာလို့ပဲ ဆိုပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ ရာပေါင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ထောင်ပေါင်းများစွာသော အပြစ်မဲ့တဲ့ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်တွေအတွက်တော့ ဘာမှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ 

ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးအရ အသာစီးရဖို့ ပဓာန ထားနေတဲ့ စိတ်အစဉ်ဟာ သူမရဲ့ ကိုယ်ကျင့်တရားတွေကို လွှမ်းမိုးထားပုံရပါတယ်။ သူမဟာ သူတို့အတွက် စာနာသနားမိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသလောက်ပါပဲ။

သူမကို စစ်တပ်ကို ဆန့်ကျင်ပြီး မြန်မာပြည်(ဗမာပြည်)ရဲ့ အညွန့်တလူလူ တက်နေတဲ့ ဒီမိုကရေစီကို ဘေးဖြစ်သွားလိုတဲ့ သဘောမျိုးမရှိပါဘူး။ သိုပေမဲ့လည်း သူမ ဒီလိုမျိုး စာအိတ် ချိပ်ပိတ်ထားသလို နှုတ်ဆိတ်နေတာလည်း မလိုလားပါဘူး ခင်ဗျာ။

ဒီလို နှုတ်ဆိတ်နေခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ မေးခွန်တစ်ခု တက်လာစေပါတယ်။

သူ အရင်က အခိုင်အမာ ဆိုခဲ့သလို့ ရွေးကောက်ပွဲကို မျှမျှတတ ကျင်းပဖို့ မတိုင်မီကလား (သို့) အများစုဖြစ်တဲ့ ဗမာတွေဆီက ထောက်ခံအားပေးမှုကို လိုချင်လို့လား။ ဒါဟာ လက်တွေ့ မျက်တွေ့ဝါဒလော၊ အချိုအချောင်ရလိုသော ဝါဒလော။

ကနဦး ကျွန်တော် တွေးထင်ခဲ့တာက နှစ်မျိုးစလုံးပါပဲ။ ယနေ့မှာတော့ ကြိုတင်မှန်းဆလို့မရတဲ့ အခက်အခဲတွေအတွက် သူမရဲ့ စိတ်ထဲက ကြိုသိသလိုဖြစ်နေတဲ့ တုံ့ပြန်မှုပေလား။ အခက်အခဲဆိုတာကလည်း သူမရဲ့ မြန်မာပြည်(ဗမာပြည်) အတွက် ဖြည့်ဆည်းပေးလိုတဲ့ မျှော်မှန်းချက်ကို ဟန့်တားနေတာကို ဆိုလိုတာပါပဲ။ 

သူမမှာ ခင်ပွန်းသည်နှင့် သားတွေနဲ့ ဝေးကွားခဲ့ရတဲ့ ၁၅ နှစ်တာ ကာလဟာ သူမ ရည်မှန်းချက် မဖြစ်မြောက်အောင် ဟန့်တားနိုင်စွမ်းမရှိကြပါဘူး။ နောင်လည်း စွမ်းနိုင်မှာလည်း မဟုတ်ပါဘူး။

နိုင်ငံတကာရဲ့ အမြင်မှာ သူကို စိတ်ပျက်သွားကြပေမယ့် မြန်မာပြည်(ဗမာပြည်)မှာတော့ ဒီလိုမဟုတ်ပါဘူး။ သူမကို နိုင်ငံတကာရဲ့ အမြင်မှာ ရိုဟင်ဂျာတွေ အပေါ်မှာ လိုလိုလားလားနှင့် နေရာမပေးလိုပါလားလို့ ရှုမြင်သွားကြပါတယ်။ သူမ တစ်ချိန်တုန်းက ရဲရဲရင့်ရင့်နှင့် စွန့်လွှတ်အနစ်နာခံခဲ့မှုဟာ သတင်းမွှေးခဲ့သလောက် ယခုတော့ ဒါတွေ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်သွားကြပါပြီ။ အဲဒီလို လုပ်ဆောင်တဲ့ဟာ သူမကို စင်မြင့်ပေါ် အရောက်ပို့ပေးခဲ့သလို ယခုတော့ ဒီရိုဟင်ဂျာအရေးက သူမကို အောက်ဆုံးကို ဆွဲချသွားတာပါပဲ။ တစ်ချိန်တုန်း အကြည်အညို အလေးအစားခံခဲ့ ရသလောက်၊ ယခုတော့ အရောင်အဝါ မှေးမှိန်သွားတဲ့ နတ်သမီးအဖြစ်ကို ရောက်ရှိသွားပါတော့တယ်။

သူမ တိုင်းပြည်ထဲမှာတော့ အခြေအနေဟာ ကွာခြားပါတယ်။ သူမကို တရိုတသေနဲ့ “အမျိုးသမီးကြီး”၊ “အမေစု” ဆို ခေါ်ဝေါ်ကြသလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရှေ့ ၅ နှစ်ကထက် ပိုမိုပြီး ကြီးကြီးမားမား အောင်နိုင်ခဲ့ပါသေးတယ်။ သို့သော် စစ်တပ်က သူမ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချလိုက်ပြီးသကာလ သူမမှာလည်း အကျဉ်းချထားခဲ့ပါတယ်။

သူမ ပြည်သူတွေ သူ့အပေါ်မှာ ကြည်ညိုမှုကတော့ အဆုံးမဲ့ပါပဲ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ သူမကို အာဏာပြန်လည်အပ်နှင်းဖို့ စစ်ဗိုလ် စစ်ပြောင်းနိုင်စရာ မရှိဘူးဆိုတာပါပဲ။

ဒါကြောင့် ရှိတ်စပီးယားရဲ့ ပြဇာတ်ထဲက ဇာတ်လိုက်မင်းသားတွေလိုပါပဲ၊

သူမ ရည်မှန်းချက် ပြည့်ဝဖို့ ပေးဆပ်ခဲ့ရတာတွေဟဦ ထိုက်မှထိုက်တန်ရဲ့လားလို့ မေးကောင်းမေးနေမိမှာပါပဲ။ ဘာမှ တိုင်းပြည်ကို ပြုပြင်ဖို့အတွက် ခိုင်မာတဲ့ အလားအလာမရှိခြင်းနဲ့အတူ ၅ နှစ်တာ ကာလလေးသာ အာဏာနဲ့ လုပ်ပိုင်ရခဲ့တာလေးနဲ့တော့ သူမရဲ့ ကိုယ်ကျင့်တရားနဲ့ ရင်းပြီး နိုင်ငံတကာမှာ ဂုဏ်သိက္ခာ အကျဆင်းခံရတာ အာဏာရှင်တွေအဖို့ ဒီလောက် လွယ်လွယ်ကူကူ ပြန်သိမ်းသွားခဲ့တာဖြစ်လေတော့ ညှိနှိုင်းခဲ့ရလေသလား။

ရှိတ်စပီးယားရဲ့ ပြဇာတ်ထဲက ဇာတ်လိုက်မင်းသားတွေလည်း ဒီလိုပဲ ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ခမျာမှာ ပြန်ပြောင်းပြောပြဖို့နဲ့ ဖြေကြားဖို့ အခွင့်ရခဲ့တာ ခပ်ရှားရှားပါ။ သူတို့ရဲ့ ဇာတ်သိမ်းခန်းဟာ များသောအားဖြင့် သေခြင်းတရားပါပဲ။ 

စုမှာတော့ ရှင်လျက်နဲ့ အခုတောင် အကျဉ်းကျခံ ရင်ဆိုင်နေရှာတာပါပဲ။ သူမမှာတော့ ဖြစ်ခဲ့တာတွေ ပြန်လည်သုံးသပ်ဖို့ အချိန်တွေ ရှိပေးမဲ့ မလွယ်ကူလှပါဘူး။

၂၀၁၅ ခုနှစ်၊ အင်တာဗျူးမှာ သူမက သူ့ကိုယ်သူ လက်တွေ့ကျတဲ့ ခေါင်းဆောင်တစ်ယောက်လို့ သူ့ကိုယ်သူ သမုတ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက တစ်ဖက်စောင်းနင်းဖြစ်သလိုဘဲလို့ ဆိုတဲ့ အတွေးဝင်လာပါသေးတယ်။ 

ဒီကနေ့တော့ ဒါဟာ ဖြစ်မလာနိုင်တော့ ဆွေးနွေးညှိနှိုင်းခြင်းရဲ့ အခွံသက်သက်လာ မြင်လာပါပြီ။ သူမကို မြန်မာပြည်(ဗမာပြည်)ကို အုပ်ချုပ်ဖို့ရာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အတွက် အဆင်သင့်ဖြစ်ရဲ့လားလို့မေးတော့ “ ဒါဟာ အင်မတန် ထိတ်လန့်စရာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒီကနေပဲ ကျွန်မဆီက အကောင်းဆုံးတွေ ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ပြန်ဖြေပါတယ်။ 

စိတ်မကောင်းစရာက သူ မျှော်မှန်းထားသလို ဖြစ်လာတော့တာပါပဲ။ ဒါပေမဲ့ ရှိတ်စပီးယားအနေနဲ့ကတော့ ဒါဟာ ရှောင်လွှဲလို့ မရပါကလားလို့ ထပ်လောင်းပြောချင်ပြောမှာပဲ။ စုဟာ စု မဟုတ်ခဲ့ရင် တခြား တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မပေါ့။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *