သျှမ်းပြည် တောင်ပိုင်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် ရေရှားပါးမှု ပြဿနာများ စတင် ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် တောင်ပေါ်ဒေသရှိ တွင်းရေကန်ရေများ စတင်ခမ်းခြောက်လာသည့်အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ ၊နောင်တရား ၊ ဆီဆိုင် နှင့် ပင်လောင်း စသည့် မြို့နယ်တို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများ စတင်ကြုံတွေ့လာရကြောင်း တောင်ကြီးမြို့ စစ်ဘေးရှောင် ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “တချို့ နေရာထိုင်ခင်းကျဉ်တဲ့ နေရာတွေ နဲ့ လျှပ်စစ်မီးတွေ သိပ်မရတဲ့နေရာတွေ ဘုန်းကြီးကျောင်းမှာနေတော့ လူများတဲ့ဟာတွေဆိုရင် ရေပြဿနာက စရှိလာတယ်။ အခုကဆောင်လည်း ကုန်ခါနီးပြီဆိုတော့ တချို့နေရာတွေ ကလည်း ရေတွေကခမ်းကုန်ပြီ။”ဟုတောင်ကြီးမြို့ စစ်ဘေးရှောင် ကူညီသူအမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ နောင်တရားမြို့တွင်ကျန်ရှိနေသည့် စစ်ဘေးရှောင် […]