ylliX - Online Advertising Network

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ယနေ့စ တင်ပြေးဆွဲ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းအသစ်များဖြင့် ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက စတင်ပြေးဆွဲရာ စတင်ပြေးဆွဲခြင်းဖွင့်ပွဲအား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီး၌ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌက မြန်မာ့မီးရထား သမိုင်းကြောင်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် အခြားနိုင်ငံများနည်းတူ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ခေတ်မီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ” လက်ရှိကာလမှာ နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း(၃၈၀၀)ကျော်နဲ့ ဘူတာရုံပေါင်း (၉၆၂)ခုအထိ တည်ဆောက်နိုင်ခဲ့တာကြောင့် အခြေခံလူတန်းစားပြည်သူအများစု နေ့စဉ်နဲ့အမျှ အဓိက အားကိုးအားထားပြုနေရတဲ့ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် […]