ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူ ကျေးရွာအုပ်စု၊ ရေဖြူ(အလယ်စု)ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းမှာ ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတောင်သူများအနေဖြင့် ရာသီမရွေး စိုက်ပျိုးရေ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင်က မိုးရာသီ၌ စပါးနှင့်ပြောင်းတို့ကိုသာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ ဆောင်းသီးနှံဖြစ်သည့် နေကြာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်နှင့် ငရုတ်ပွတို့ကို သီးထပ်သီးညှပ်အနေဖြင့် တိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများအတွက် ရာသီမရွေးစိုက်ပျိုးနိုင်အောင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့် အတွက် ရှမ်းပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်းများကို နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် […]
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ပျူစောထီးရွာမှာ ကင်းပတ်နေတဲ့ ပျူအုပ်စုကို တိုက်ခိုက်လို့ ပျူခေါင်းဆောင်ကျော်မင်းထူး ပါအဝင် ၃ဦးသေဆုံးပြီး လက်နက်တွေရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၉ရက်နေ့မှာ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ပျူစောထီးရွာမှာ ကင်းပတ်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲချိန် ၁၀မိနစ်ခန့်မျှကြာမြင့်ခဲ့ပြီး အဆိုပါ ပျူရွာအတွင်းထိ ကင်းပုန်းဝတ်နေရာယူပြီး တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်စဥ်အပြီးမှာ ပျူခေါင်းဆောင်ကျော်မင်းထူး အလောင်းအပါအဝင် စစ်အုပ်စု အလောင်း၂လောင်း၊ type-81 ၁လက်၊ ကာဘိုင် ၁လက်၊ Dayang အမျိုးအစား ဆိုင်ကယ်၁စီး၊ ၇.၆၂ ကျည်၂၀တောင့်၊ ကာဘိုင်ကျည် ၂၁တောင့်တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှတ် ၈၁၅တပ်ဖွဲ့ PLA […]
လွန်ခဲ့သည့် ၁၆ နှစ် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိလင့်ကစား စက်တင်ဘာ ဒုတိယပတ်အတွင်း ရာဂိမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်များ ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက် ပြည်သူတို့ ထိခိုက်မှု များပြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့်ချီ သေဆုံး၊ လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင် ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီကလည်း ရေဘေးကြောင့် ၄၃၆ ဦး သေဆုံး၊ ၆၆ ဦး […]