ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံအစိုးရက ပြည်ပအကူအညီအများစုကို ရပ်တန့်လိုက်ပြီးနောက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ဝန်ထမ်းဒါဇင်နှင့်ချီသည် အလုပ်မှ အနားယူခိုင်းခြင်းခံရပြီး သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းမှ လူပေါင်းရာကျော်လည်း အလုပ်ဖြုတ်ခံခဲ့ရသည်။အချို့သော အကူအညီများကို ကင်းလွတ်ခွင့်ပေးသည့်အခြေအနေတွင်ပင် USAID မှ ဝန်ထမ်းပေါင်း ၆၀ ခန့်သည် ဇန်နဝါရီ ၂၇ ရက်၌ “အနားယူရန်” အသိပေးခြင်း ခံရကြောင်း ရိုက်တာ၏ ဇန်နဝါရီ ၂၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး ဦးစီးဌာန (NIH) က ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် ပြည်ပကူညီရေးစီမံကိန်းများ ရပ်တန့်ခံရသည့်အတွက် အလုပ်ဖြုတ်လိုက်ကြောင်း အသိပေးအီးမေးလ်များကို ဝန်ထမ်း ၆၀၀ ထံပေးပို့ခဲ့သည်။အမေရိကန် […]