တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၁၆ တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ ရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုတွေလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကြပ် စစ်သားစုဆောင်းမှုများ ပြုလုပ်သည်ဆိုသည့်သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည် ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ မဟုတ်မမှန် […]