ylliX - Online Advertising Network

တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ


 

တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၁၆

တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ ရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုတွေလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကြပ် စစ်သားစုဆောင်းမှုများ ပြုလုပ်သည်ဆိုသည့်သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည်  ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံကြောင်း ကောလာဟလ သတင်းမှားများကိုလည်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit မှ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပြီး စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင် ငွေကျပ် ၅၀၀ဝိ/ နှုန်းကောက်ခံခြင်းလုံးဝမရှိဘဲ အများပြည်သူ အထင်အမြင် လွဲမှားစေရန်အတွက် ဝါဒဖြန့်နေသည့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို မလိုလားသူများက အမျိုးမျိုးသော ကောလာဟလ သတင်းအမှားများဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် ဝါဒဖြန့် လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *