ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတလျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေးအပိုင်းလိုက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် […]
Tata Group ၏ ပဲ့ကိုင်ရှင် ကမ္ဘာ့အထင်ကရ အိန္ဒိယသူဌေးကြီး ရာတန် တာတာ ကွယ်လွန်ချိန်တွင် ညီအကို မောင်နှမများကို အမွေအနည်းငယ်သာ ပေးခဲ့ပြီး သူ၏ အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးကလေး တီတိုးကို ဒေါ်လာ သန်းရာချီ အမွေပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သူဌေးကြီးတာတာ၏ သေတမ်းစာတွင် ရူပီး ကုဋေ ၁၀,၀၀၀ ကို အမွေခွဲဝေပေးခဲ့ရာ၌ ခွေးကလေး တီတိုးကို အများဆုံးပေးခဲ့ပြီး မိမိကွယ်လွန်ပြီးနောက်ပိုင်းတွင် တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။ တာတာသည် Tata Group ကို ကမ္ဘာသိကုမ္ပဏီကြီးဖြစ်လာစေရန် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး မွမ်ဘိုင်းမြို့တွင် ယခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ အိန္ဒိယ၏ ထုံးစံအတိုင်းဆိုလျှင် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၇မိုင်စခန်း၊ ကျောက်ကြီးစခန်းနဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း -တတက ၁၃တို့ကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။အမှတ် ၁၃တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ဝိုင်းရံပိတ်ဆို့ထားသည်မှာ ၃လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ၇ မိုင်နှင့် ကျောက်ကြီးကိုလဲ အောင်မြင်စွာ သိမ်းပိုက်နိုင်ဖို့ မဟာမိတ်များနဲ့အတူ တိုက်ပွဲဝင်လျက်ရှိနေတယ်လို့ PLA က ဒီနေ့ နိုဝင်ဘာ ၁၃ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ စစ်တပ်စခန်းကို သြဂုတ်လ ၁၇ ရက်၊ မနက် ၇ နာရီအချိန်မှာ တအာင်းတပ်မတော် TNLA နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ တပ်ကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက် […]