မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းရှိ စစ်စခန်းများ တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီကလည်း လေတပ်၊ ရေတပ်အင်အားသုံးပြီး ပြန်လည် ခုခံနေသည်ဟု သိရသည်။ ယမန်နေ့ (ဇန်နဝါရီရက် ၉) တွင် မြိတ်မြို့အဝင် ဘုတ်ရွာရှိ ခလရ – ၁၇ ခေါ် အမှတ် (၁၇) ခြေလျင်တပ်ရင်းကို မဟာမိတ်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပြောသည်။ “ပုံမှန်ကတော့ (ခလရ-၁၇) အင်အား ၁၀၀ ဝန်းကျင် လောက်ရှိတယ်။ စစ်တပ်ဘက်ကတော့ မျက်မြင် ၃ ယောက်သေတယ်။ အတွင်း သတင်းအရတော့ စစ်တပ်ကအိမ်ထောင်သည် အမျိုးသမီးတစ်ယောက် သေတယ်လို့ သိရတယ်” ဟု အမှတ် (၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံက […]