ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၅) နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆၊ ၅၄၄၊ စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်သည်။ နိုဝင်ဘာ ၄ ရက် မှ ၂၀ ရက်အထိ ၁၇ ရက်ကြာ ထိုးစစ်အတွင်း တောင်ကုတ်မြို့ ပြင်ပရှိ စစ်စခန်းများ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာ၂၄ ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင် ခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။ တောင်ကုတ်မြို့ပြင်ပရှိ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ […]
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်အထိုင်နေရာတွေကို လက်နက်ကြီးတွေနဲ့ တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Dynamite အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၁၃ရက် ညနေ ၃နာရီခွဲခန့်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ယင်းမာပင်မြို့ပေါ်ရှိ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့မှာ တပ်စွဲ့ထားတဲ့ စစ်တပ်အထိုင်နေရာတွေကို ၆၀မမ ၊ ၈၀မမ၊ ၁၂၀မမတို့နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က အထိနာပြီး ၆၀မမ၊ စက်လက်၊ Gunငယ်များဖြင့် ပြန်လည်ပစ်ခတ်ပေမယ့် တော်လှန်ရေးမဟာမိတ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာင်ခရိုင် တပ်ရင်း(၃၅)တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)တပ်ခွဲ(၃)တပ်စိတ်(၁)5/Fighter(Monyawa) ၊ နယ်ခံကာကွယ်ရေးတပ်တွေပူးပေါင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ Continue Reading Source link