ylliX - Online Advertising Network

တစ်ရက်အတွင်းမှာ ယူကရိန်း တပ်ဖွဲ့ဝင် ၁၄၆၀ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားကထုတ်ပြန်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နေ့စဉ်စစ်ရေးအစီရင်ခံမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲအတွင်းမှာယူကိရိန်းစစ်သား စုစုပေါင်း ၁၄၆၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တင့်၊ သံချပ်ကာနဲ့ အမြောက်တွေကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ Kharkiv ပြည်နယ်ရဲ့ အရှေ့မြောက်စစ်မျက်နှာ၊ Donetsk ပြည်နယ်ရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်း အလယ်ပိုင်းနဲ့ အရှေ့ပိုင်းစစ်မျက်နှာနဲ့ Zaporozhye ပြည်နယ်က စစ်မျက်နှာတွေမှာ ရုရှားတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်မျက်နှာအသီးသီးမှာ တစ်ရက်အတွင်း ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သားအရေအတွက် တစ်ထောင်ကျော်နဲ့ တင့်ကား၊ သံချပ်ကား၊ အမြောက်နဲ့ အနောက်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး အမေရိကန်ရဲ့ HIMARS ဒုံးကျည် ၆ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ […]

ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ရှိနေပြီးဖြစ်ကြောင်း ပင်တဂွန်ဆို

လက်ရှိတွင် အမေရိကန် စစ်မှုထမ်း ၂၀၀၀ ခန့် ဆီးရီးယားတွင် ရောက်ရှိတပ်ဖြန့်ထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခင်ကမူ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ သာရှိကြောင်း ပင်တဂွန်ကကြေညာခဲ့ဖူးသည်။ “ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ခန့် တပ်ဖြန့်ချထားကြောင်း ကျွန်တော်တို့ အရင်က သတင်းထုတ်ပြန်ခဲ့ဖူးပေမယ့်၊ တကယ်တော့ ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး ရှိနေတယ်ဆိုတာကို ဒီနေ့ ကျွန်တော် သိလိုက်ရတယ်”ဟု ပက်ထရစ်ရိုင်ဒါကပြောခြင်းဖြစ်သည်။ “ISIS တွေအတွက် စစ်ဆင်ရေးမှာ ဒီတပ်ဖွဲ့ဝင်တွေဟာ အာဆတ်အစိုးရ မပြုတ်ခင်ကတည်းက ရှိနေခဲ့တာပါ” ဟုလည်း သူက ဆက်ပြောသည်။ ပြောင်းရွှေ့မစ်ရှင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ဖြန့်ကျက်ချထားသော ယာယီအလှည့်ကျတပ်ဖွဲ့များအဖြစ် ရိုင်ဒါက ဆိုထားပြီး အဓိကတပ်ဖွဲ့ဝင် ၉၀၀ ကိုမူ ရေရှည်တပ်ဖြန့်ထားဆဲဖြစ်သည်။ […]

KIA ထံ လက်နက်ချ အလင်းဝင်းခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဂုဏ်ပြု ကြိုဆို

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာက အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့က ကချင်အထူးဒေသ(၁)ရှိ BGF လက်အောက်ခံ ဖီမော်မြို့၊ ကန်ဖမ်းရွာကို KIA က ဝင်ရောက်လာစဉ် လက်နက်ချ အလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀၀ကျော်ကို KIA က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ လက်နက်မချတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်အချို့က ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ် ထွက်ပြေးသွားတာကြောင့် KIA၊ KPDF တပ်ဖွဲ့တွေ ဆယ်ယူခဲ့ရပါတယ်။KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး အဲ့ဒီရွာကို KIA က ထိန်းချုပ်ထားပါတယ်။အဆိုပါ BGF […]