အမ်း နပခကို စစ်ကူလာတဲ့ တပ်မ ၈၈ စစ်ကြောင်းတစ်ကြောင်းလုံးရှင်းခံရပြီးနောက် အလောင်း ရာချီနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိကြောင်း AA က ထုတ်ပြန်ပါတယ်။အမ်းနဲ့ ဂွကိုစစ်ကူလာတဲ့ စစ်ကြောင်းတွေ အားလုံးချေမှုန်းခံရပြီး အဲဒီ စစ်ကြောင်းမှာ ဧရာဝတီတိုင်း ပုသိမ်နဲ့ ရန်ကုန်အခြေစိုက်တပ်ရင်းတွေပါ ပါဝင်နေ တယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။စစ်ကောင်စီဟာစစ်အင်အားမလုံလောက်တော့တာကြောင့် စစ်မဖြစ်တဲ့ ဧရာဝတီနဲ့ ရန်ကုန်က တပ်ရင်းတွေ တပ်သားသစ်စုဆောင်းခံရသူတွေကိုပါ ရခိုင်ကို စစ်ကူပို့နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။အမ်းကို စစ်ကူပေးဖို့တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို နိုဝင်ဘာလ (၂၈) ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ မြောက်ဘက်၊ ရိုးတောင်ရဲ့ လမ်းမထက် တစ်နေရာမှာ အာရက္ခတပ်တော်က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းမှာ […]
ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ (ဒီဇင်ဘာ ၆ ရက်) တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များ မြို့တွင်းသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၅ နာရီမှ စတင်ကာ တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ဗန်းမော်မြို့ နှင့် မံစီမြို့များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို စတင်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့မှ တစ်မိုင်ခန့် အကွာတွင်ရှိသည့် အမှတ် (၄၇) ခြေလျင်တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီက ဗန်းမော်မြို့မှ လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIA ထိုးစစ်ကို အပြင်းအထန်ခုခံခဲ့သည်။ ယနေ့နံနက်တွင် KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့အတွင်း […]
ကရင်နီပြည်၊ လွိုင်ကော်ကို ချီတက်လာတဲ့ တပ်မ ၆၆ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၄၀ ကျော်သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲကတဆင့် လွိုင်ကော်မြို့ကို အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်သားတွေကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ကာ အဲ့ဒီစစ်ကြောင်းကနေ ၄၀ကျော် သေဆုံးပြီး အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကာ လက်နက် ၂၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းဟာ […]
ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် နိုင်ငံအလယ်ပိုင်းဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ အင်အားထောင်ဂဏန်းရှိသော BPLA သည် တပ်များကို အပြောင်းအရွှေ့ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀ ခေါ်ယူရန် စီစဉ်ထားရာ ၄၀၀ ခန့်ကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည်အလယ်ပိုင်းသို့ စစ်ရေးလှုပ်ရှားတော့မည့်အကြောင်း BPLAခေါင်းဆောင်ဖြစ်သူ မောင်ဆောင်းခက Facebook တွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်မှု တစ်နှစ်ပြည့်သည့် ယမန်နေ့က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA) တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့၏ ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များထဲတွင် BPLAလည်း ပါဝင်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် […]