ylliX - Online Advertising Network

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 နေပြည်တော်၊ ဇန်နဝါရီ ၁၈ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ […]

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး ဇန်နဝါရီ (၁၅)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြိုနယ်၊ ထနီးကျေးရွာ အောင်ကျိုက္ခမီ ဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင် အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ (၄၅၅) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ […]