ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးသည့်နောက်ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ ဖွင့်လှစ်သင်ကြာပေးခဲ့သည်။ ထိုသင်တန်းများမှ သင်တန်ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲ၌ စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ လက်ရှိ အမှတ်စဉ် (၈) ကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီး နေပြည်တော်ကောင်စီဉက္ကဋ၊ တိုင်းဒေသ ကြီးနှင့် […]
၂၀၂၄၊ ဒီဇင်ဘာ ၁၄ ( စနေနေ့) ရုရှာကာကွယ်ရေးဝန်ကြီး အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကာစကတ် နယ်စပ်ဒေသတွင် တပ်ရင်း၃ ရင်း လက်နက်ချခဲ့ပြီး ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်မှုထမ်း ၂၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ “လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်၏ တပ်ဖွဲ့ဝင် ၂၀၀ ကျော် ဆုံးရှုံးမှုမှာ တင့်ကားတစ်စင်း၊ အမေရိကန်လုပ် Bradley ခြေလျင်တိုက်ခိုက်ရေးယာဉ်တစ်စင်း၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တစ်စင်း၊ မော်တော်ယာဉ်ခုနစ်စီး၊ အမြောက်သေနတ်နှစ်လက်၊ မော်တာတစ်စင်းနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစခန်း တစ်ခုတို့ဖြစ်သည်။ ယူကရိန်းတပ်ရင်း ၃ ရင်း လက်နက်ချခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားပိုင်နယ်မြေဖြစ်သည့် နယ်စပ်ဒေသကို ယူကရိန်းစစ်တပ် ထိုးဖောက်ဝင်ရောက်ပြီးနောက် ယူကရိန်းစစ်တပ် […]
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။ MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် […]