ylliX - Online Advertising Network

မဏိပူရ်က မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ အိန္ဒိယအာဏာပိုင်တွေက နှင်ထုတ်

မြန်မာ-အိန္ဒိယနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ ဂျန်ဒေခရိုင်၊ တင်နိုပယ်ခရိုင်နဲ့ ကမ်ဂျွန်ခရိုင်တွေက မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ အာဏာပိုင်တွေရဲ့ နှင်ထုတ်ခံနေတဲ့အတွက် ပြန်ဖို့ပြင်ဆင်နေကြပြီလို့ စစ်ဘေးရှောင်နဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။   ဒေသခံတွေက မနှစ်သက်တာကြောင့် အာဏာပိုင်တွေဆီ တိုင်ကြားမှုအများအပြားခံရပြီးနောက် အခုလို ပြဿနာနဲ့ရင်ဆိုင်လာကြရတာလို့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။   ခရိုင်သုံးခုထဲက ကမ်ဂျွန်နဲ့ တင်နိုခရိုင်ထဲက စစ်ရှောင်တွေကို မပြန်မနေရ မောင်းထုတ်ခံထားရပြီး ကမ်ဂျွန်ခရိုင်နေသူတွေကို မနက်ဖြန် ဇန်နဝါရီ ၈ ရက်နောက်ဆုံးထားပြောင်းပေးဖို့ ဖိအားပေးခံထားရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီခရိုင်က မြန်မာစစ်ဘေးရှောင်တွေ ပြောင်းရွှေ့ဖို့ပြင်ဆင်နေကြပြီဖြစ်ပြီး ချင်းပြည်၊ တမူးမြို့နယ်ထဲ အများစုပြန်ကြဖို့ စီစဉ်ထားတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။   ကမ်ဂျွန်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာစစ်ဘေးရှောင်စခန်းနဲ့ […]