ylliX - Online Advertising Network

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ကလေးငယ်က ပိုင်ဆိုင်မှု လွှဲပြောင်းမပေးသောကြောင့် တရားစွဲ – iMyanmarHouse.com

ဟွမ်ရှောက်မင် (Huang Xiaoming) သည် တရုတ်ပြည်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၀၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော The Prince of Han Dynasty တွင် ဧကရာဇ် ဝူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ စတင်လူသိများခဲ့ပြီး ၂၀၀၆ ခုနှစ်က ပြသခဲ့သော သိမ်းငှက်သူရဲကောင်း အတွဲ ၂ (The Return of the Condor Heroes)တွင် ရန်ကော်အဖြစ် လုယိဖေးနှင့် ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။ ဟွမ်ရှောက်မင်သည် ရုပ်ရှင်မင်းသမီး Angelababy နှင့် ကွာရှင်းပြီး ၎င်းအောက် ၁၅ နှစ်ငယ်သော မိန်းကလေး Ye ke နှင့် တွဲခဲ့မှုအပေါ် […]

အမေရိကန်နိုင်ငံသားရဟန်းကို အကြမ်းဖက်မှုအပါအဝင် ပုဒ်မ ၄ခုဖြင့် စစ်ကောင်စီ တရားစွဲ   – Myanmar Now

အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားစဉ် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် ပုဒ်မ ၄ခုဖြင့် စစ်ကောင်စီက တရားစွဲလိုက်သည်။ သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါ ရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်နှင့် ခရိုင်တရားရုံးတို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေ ပုဒ်မ ၁၃(၁)၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)တို့ဖြင့် စစ်ကောင်စီက တရားစွဲထားကြောင်း သိရသည်။ ပုဒ်မ ၅၀(ည)သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည်။ အကြမ်းဖက်မှုပုဒ်မများအတွက် တရားစွဲဆိုမည့် တရားလိုကို မသိရသေးပါ။ ကျန်ပုဒ်မ ၂ခုဖြစ်သည့် ၅၀၅(က)အတွက် တရားလိုမှာ မင်္ဂလာဒုံမြို့နယ်မှ ရဲအုပ်မင်းဇော်ထက်၊ ပုဒ်မ၁၃(၁)အတွက် တရားလိုမှာ […]