မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က (အောက်တိုဘာ ၂၇ ရက်) စပြီး ‘ဝ’နဲ့ မိုင်းလားဒေသထဲကို တရုတ်က စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပေးမသယ်တော့ဘူး။ ပန်ဆန်းဂိတ်ကော မိုင်းလားဂိတ်ကြီးကော ပိတ်လိုက်ပြီလို့ ကြားတယ်။ အဲ့တာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီး […]