ylliX - Online Advertising Network

စစ်ကောင်စီနှင့် အပစ်ရပ်ကြေညာပြီးနောက် MNDAA ထိန်းချုပ်နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်ပေး

မြန်မာ-တရုတ်နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီနှင့် တရားဝင် အပစ်အခတ် ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီးနောက် (၇) လနီးပါး ပိတ်ထားခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ရှိ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များမှ ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်)တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က စပြီးတော့ ပန်ဆိုင်း-ဝမ်တိန်က တံတားဖွင့်ထားပြီ။ သူတို့ တရုတ်လို ကြေညာစာထဲမှာတော့ အချိန် (၁) လလို့ပဲ ရေးထားတယ်။ ဟင်းရွက်လို စားသောက်ကုန်တွေ တနိုင်တဆွဲ သယ်လာလို့ ရပြီ။ […]

တရုတ်−မြန်မာနယ်စပ် ကချင်ဒေသရှိ နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်ပေး – Myanmar Now

တရုတ်−မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များကို ယနေ့ (ဒီဇင်ဘာ ၁၃)တွင် တရုတ်အစိုးရက ပြန်ဖွင့်ပေးလိုက်သော်လည်း ဖြတ်သန်းခွင့် မရသေးကြောင်း  ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  က ပြောသည်။ ကချင်ပြည်နယ် ပန်ဝါမြို့၊ ကံပိုင်တည်မြို့များကို KIAက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ တရုတ်အစိုးရက နယ်စပ်ဂိတ်များကို  အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။  တရုတ်က ဂိတ်များကို ပြန်ဖွင့်လိုက်ပြီဟု  KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ “နယ်စပ်ဂိတ်တွေကတော့ တံခါးတွေ၊ ဝါးလုံးတွေ ဖွင့်တာတော့ရှိပါတယ်။ ဒါပေမယ့် လူတွေ အဝင်၊ အထွက်ကတော့ ခွင့်မပြုဘူး။ ကားတွေအဝင်အထွက်လည်း ခွင့်မပြုဘူး။ တခြားကုန်စည်စီးဆင်းမှု တွေလည်း ခွင့်မပြုဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။   မည်သည့်အချိန်တွင် ဖြတ်သန်းခွင့်ပြုမည်ကို မသိရသေးပေ။ […]